6

383 73 16
                                    

Unicode

အပိုင်း (၇) အထိဖတ်ပြီးတဲ့နောက်မှာ ည ၂ နာရီလည်းထိုးနေပြီ။
သူလည်းကိုဘဲ့ကိုပြန်သွားပြီ။

အပိုင်း (၇) ရဲ့အဆုံးသတ်လေးမှာ ဒိုဒိုက ယုန်ရုပ်လေးကိုကိုင်ပြီး ငိုနေခဲ့သည်။

‘ငါ ၁၆ နှစ်အရွယ်ကလေးတစ်ယောက်ကို ငိုအောင်လုပ်ခဲ့မိတာပဲ’

ဖတ်ရင်းနဲ့ ယိုရှိစိတ်မကောင်းဖြစ်သွားသည်။ သူမှန်းသိသွားတော့ ဇာတ်လမ်းကိုဖတ်နေရင်း ကိုယ်တိုင်ဝင်ခံစားမိသည်။ တဖြည်းဖြည်းနဲ့ အရင်တုန်းကနေ့တွေကိုလည်း ရေး‌ရေးချင်း ပြန်သတိရလာသည်။

လုံးဝအကုန်မေ့သွားတာမဟုတ်ဘဲ အချိန်ကြာပြီမို့ အစပြန်မပေါ်ခဲ့တာပဲရှိသည်။ အခုတော့ ဒိုယောင်းကြောင့် လွန်ခဲ့တဲ့ ၇ နှစ်ကအကြောင်းကိုပြန်စဉ်းစားမိသည်။

‘၂ နာရီတောင်ထိုးပြီး အိပ်တော့မှပဲ’

သူ့ဘက်က ကာတွန်းဆရာရပြီဆိုတာပြောလိုက်ပြီမို့ မနက်ဖြန်စာအုပ်တိုက်နဲ့ အစည်းအဝေးလုပ်ရဦးမည်။

*အစ်ကိုဒီတစ်ခေါက်မလွတ်တော့ဘူးနော်’
နားထဲမှာပြန်ကြားလာပြန်တဲ့ ဒိုယောင်းရဲ့အသံ။

‘အား...စိတ်ညစ်တယ်။ အိပ်ပါတော့ ယိုရှိနိုရိရယ်’

ခေါင်းအုံးကိုခေါင်းအပေါ်တင်ကာ လက်နဲ့ဖိပြီး နားထဲမှာဘာမှမကြားအောင်လုပ်လိုက်သည်။ စောင်ကိုလည်း အဆုံးထိဆွဲခြုံလိုက်ပြီး ကွေးနေအောင်အိပ်လိုက်သည်။

မြန်မြန်အိပ်‌ပျော်ပါတော့။

______________________

-အစ်ကို ကျွန်တော့်ကို စာဖိုင်ပို့ပေးဦးနော်..ဒီနေ့အားတဲ့အချိန်ဖတ်မလို့-

‘မနက် ၅ နာရီ??’ စာပို့တဲ့အချိန်ကိုကြည့်ပြီး ယိုရှိအသံထွက်ပြီးတောင် ဩချလိုက်ရသည်။

မနက် ၅ နာရီကြီးဘာထလုပ်ပါလိမ့်။

-အိုကေ..အလုပ်ကပြန်လာရင်ပို့လိုက်မယ်။ နေ့ခင်း ၂ နာရီလောက်ဖြစ်မယ်-

ဖုန်းကို အလုပ်သွားခါနီးမှ ဖွင့်ကြည့်မိတာကြောင့် စာပြန်ပို့ချိန်ကတော့ မနက် ၁၀ နာရီ။ အိပ်ရာကနိုးတာက ၉ နာရီဆိုတော့ စာပြန်တာမြန်သည်လို့တောင်ဆိုရဦးမည်။

Heart Sketch (Yoshi x Doyoung)Where stories live. Discover now