8

377 74 15
                                    

Unicode

တံခါးဖွင့်လိုက်တာနဲ့ ချက်ချင်းမြင်လိုက်ရတာက သူ့ရဲ့နတ်သမီးလေး။

နတ်သမီးလေးက သူထွက်လာတာကိုမြင်တော့ ဖုန်းချလိုက်သည်။ လက်ထဲမှာလည်းအထုတ်တွေအပိုးတွေနဲ့။

‘နတ်သမီးလေးပါလား..အကြောင်းမကြားဘာမကြားနဲ့’

‘အခုဖုန်းဆက်နေတယ်လေ..အိမ်မှာရှိမှာသေချာနေတာပဲကို’

‘ဟုတ်ပါပြီ..အိမ်ထဲဝင်ဦးမလား’

‘ဝင်မယ်...ဖယ် … ဒီတစ်ခေါက်တော့လာရတာမောလွန်းလို့’

‘ဘာတွေလဲဒါက’ ယိုရှိက သူ့လက်ထဲက အထုတ်တွေ ဘူးတွေကိုယူပြီး အိမ်ထဲဝင်လိုက်သည်။

‘မသိပါဘူး..သွားပေးလိုက်ဆိုလို့သာ လာပေးတာ’

အိမ်အဝဖိနပ်ချွတ်ကိုကျော်တက်ပြီး ဧည့်ခန်းထဲရောက်တော့ မတ်တပ်ရပ်ပြီးချောင်းနေတဲ့ ဒိုယောင်းနဲ့အကြည့်ချင်းဆုံသွားသည်။

‘ဘယ်သူလဲ’ ကောင်မလေးက အနားကပ်ပြီးတိုးတိုးလေးမေးလိုက်သည်။

ပြန်ဖြေဖို့ ဒိုယောင်းကိုကြည့်လိုက်တဲ့ ယိုရှိတစ်ယောက်ကြက်သီးပါဖြန်းဖြန်းထသွားသည်။ ဒိုယောင်းရဲ့အကြည့်တွေကစူးစူးစိုက်စိုက်နဲ့ အကြည့်ခံရသူပါ မီးလောင်ပြီးပြာကျတော့မယ့်ခံစားချက်မျိုးရနေရသည်။

‘ဘယ်သူလဲ အစ်ကို’  ဒိုယောင်းကပဲအရင်မေးလိုက်သည်။ လက်ပိုက်ထားပြီး သူ့အိမ်ထဲကို ကျူးကျူးကျော်ကျော်ဝင်လာတဲ့သူကို စစ်မေးနေတဲ့အထာနဲ့။

‘အစ်ကို? အိုနီးချန် ဘယ်တုန်းက ညီလေးတစ်ယောက်ရသွားတာလဲ’

‘အိုနီးချန်?’

‘တော်တော့ ငါပြောပါ့မယ်...ဒါက အစ်ကို့ညီမဆာကူရာ...ဒါက အစ်ကို့ကိုပုံဆွဲပေးမယ့် ပန်းချီဆရာ Sam’

‘Sam??? ဟို webtoon ဆွဲတဲ့ Sam လား’  ဆာကူရာက အရမ်းအံ့ဩသွားတဲ့ပုံစံနဲ့ ယိုရှိဘက်ကိုလှည့်မေးလိုက်သည်။

‘အင်း ဟုတ်တယ် ဆာကူရာ သိတာလား’

‘အား….သိတာပေါ့…’ ယိုရှိကိုပစ်ထားခဲ့ပြီး ဒိုယောင်းဆီသွားကာ လက်ကိုပြေးကိုင်လိုက်ပြီးအပေါ်အောက်မြှောက်ရင်း..

Heart Sketch (Yoshi x Doyoung)Where stories live. Discover now