unicode
အစ်ကိုကဒီတစ်ပတ်မလာနဲ့တဲ့..
'ဟင်း...'
စာဖတ်ပြီးပြီးချင်း စိတ်ဓာတ်တွေအရမ်းတွေကျသွားတာပဲ။ ကျွန်တော်ဖြင့် မနက်ဖြန်သွားရင် ဘာတွေချက်ကျွေးရမယ်ဆိုတာတောင်တွေးပြီးပြီ။
ဟုတ်မှာပေါ့လေ..အစ်ကိုကစာရေးရတဲ့သူဆိုတော့ အချိန်တွေအများကြီးလိုမှာပဲ..ငါကသူ့စာကိုဖတ်ပြီးပုံပေါ်အောင်ဆွဲပေးရမှာဆိုတော့ သူကပိုတာဝန်ကြီးတာပေါ့။
ကျောင်းမှာမနက်ဖြန်ထပ်စရာရှိတာတောင် မလုပ်ချင်တော့ဘူး။ အစ်ကိုကမလာနဲ့ဆိုတာနဲ့ပဲ တအားကို ခြေကုန်လက်ပန်းကျသွားတာ။ စဉ်းစားကြည့်လေနော်.. ၇ နှစ်ကြာပြီး အခုမှပြန်တွေ့ရတာကို ဖြစ်နိုင်ရင် လွှတ်မထားဘဲ ဆက်တိုက်ဖက်ပဲထားချင်နေတာ။
အခုအားရပါးရဖက်ထားတာကတော့ ဖက်လုံးပါပဲ။ အစ်ကိုမဟုတ်တဲ့ ဖက်လုံးပေါ့။ တစ်နေ့ကျ အစ်ကို့ကိုအားရပါးရဖက်ရအောင်ကြိုးစားဦးမယ်။
နေ့ခင်းကတည်းကမေးထားတဲ့မေးခွန်းကို အမေက ညသန်းခေါင်ရောက်မှဖြေပေးတော့အိပ်ရာထဲကနေ အလူးလူးအလဲလဲနဲ့ထလာရပြန်ရော။
'သားသား..ဖုန်းပြောလို့ရလား'
'မေမေ ဆက်တဲ့အချိန်က ဘာပြန်ပြောရမလဲကိုမသိတော့ဘူး'
အချိန်ကိုကြည့်ဦး ည ၁၂ နာရီခွဲတဲ့။ အိပ်ပျော်လို့ အိပ်မက်ထဲမှာ အစ်ကိုနဲ့တောင်တွေ့တော့မယ်။ အစ်ကို့အိမ်တံခါးကိုခေါက်ခါနီး အမေ့ဆီကဖုန်းလာတာပဲ။
'မေမေ အခုမှအားလို့ကို..လူနာတွေအတွက် ရက်ချိန်းတွေပြန်ကြည့်နေတာလေ..ကဲ သားသားမေးတာပြောပြမလို့'
'ဟုတ်'
'တစ်ခါတည်းလိုက်ချက်ကြည့်ပါလား..ညသန်းခေါင်စာပေါ့'
'အဆင်သင့်ပဲ'
'ဟုတ်ပြီ..ကြက်ဥထဲကိုရေလေးနည်းနည်းထည့်လိုက်..သေချာမွှေပြီးကာမှ လှီးထားတဲ့ ကြက်သွန်မြိတ်တွေ မုန်လာဥလေးတွေထည့်'
'ပြီးပါပြီ'
'အရသာမှုန့်ထည့်ပြီးရင်း အိုးထဲကဆီဆူပြီလားကြည့်လိုက်'

YOU ARE READING
Heart Sketch (Yoshi x Doyoung)
Fiksi PenggemarAn Author and An Artist meets 💕 then, a story starts