12

428 79 13
                                    

Unicode

စားပြီးလို့မဆေးရသေးဘဲ ထမင်းပန်းကန် ၂ ပန်းကန်က စားပွဲအောက်မှာအပုံသား။ နောက်မှအေးဆေးဆေးမယ်ဆိုပြီး ထားလိုက်တာ။ အခုတော့ အပိုင်း ၂ ကို ဒိုယောင်းနားလည်အောင် ဘာသာပြန်ပေးနေတယ်လေ။

အသံဖိုင်ပို့လိုက်မယ်ဆိုပြီး မပို့ဖြစ်တာ။ လာမှပြောပြတော့မယ်ဆိုပြီး နောက်အပိုင်းတွေဆက်ရေးနေခဲ့တာပေါ့။ ဒီနေ့ဆို မနက်တောင် စောစောနိုးနေတယ်။ စောစောနိုးတယ်ဆိုတာလည်း ၁၀ နာရီထိုးနေပါပြီ။

ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒါကစောတာပေါ့။ ပုံမှန်ဆို ၁၂ ကျော်လောက်မှထတာကို။

ကျွန်တော်အခု ဒိုယောင်းနဲ့ မျက်နှာချင်းဆိုင်ထိုင်နေတယ်။ လက်တော့ထဲက စာဖိုင်ကိုကြည့်ပြီး သူ့ကိုကိုရီးယားလိုပြောပြနေတယ်။ ဒိုယောင်းက အရေးကြီးတဲ့နေရာတွေကို နုတ်ထဲမှာလိုက်မှတ်နေသေးတယ်။ ဆရာက စာခေါ်နေတာကို သေချာလိုက်မှတ်နေတဲ့ ကျောင်းသားလေးအတိုင်းပဲ။ ကျွန်တော် သဘောတကျပြုံးလိုက်မိတယ်။

ဒါပေမယ့်သိလား..ဒီနေ့ ဒိုယောင်းက သိပ်စကားမပြောဘူး။ ရောက်လာကတည်းက အလုပ်ပဲလုပ်နေပြီး ငြိမ်ကုတ်နေတာ။ ဘာလို့ပါလိမ့်။ သူနဲ့တောင်မတူဘူး။ တစ်ခုခုများဖြစ်လို့လား?

'အစ်ကို ဒီအခန်းကိုပုံလေးလိုချင်တယ်...မိုးမဲမဲကြီးတွေလာနေတာကိုတွေ့တော့ ကောင်လေးက မိုးလွတ်အောင်ပြေးနေတာ...ဒါပေမယ့် မမီလိုက်ဘူး..တဖြည်းဖြည်းနဲ့ရွာလာပြီ။ အဲ့အချိန်မှာ ရုတ်တရက်သတိရသွားတယ်။ သူ့ကောင်မလေးက အိတ်ထဲမှာအမြဲဆောင်ထားဖို့ပြောတဲ့ သူ့ရဲ့ထီးလေးကိုပေါ့'

'ဟုတ် ဒါဆို ၂ ကွက်လောက်ရမယ်နော်.. ၃ကွက်လောက်များရမလားမသိဘူး'

'ရတယ် ဒိုယောင်း..ဒီအပိုင်း ၂ က ဒါကအဓိကနေရာပဲဆိုတော့ အဲ့တာပဲဆိုရင်တောင်ရတယ်'

'ဟုတ်'
ကျွန်တော်အဆုံးထိဆက်ပြောလိုက်တယ်။ အပိုင်း ၂ တောင် ပြီးသွားပြီ။ ဒိုယောင်းလည်း ပုံဆွဲတော့မယ်ထင်တယ်။ tablet နဲ့ pen ထုတ်နေတာတွေ့လိုက်တယ်။

'ဆွဲတော့မှာလား ဒိုယောင်း'

'ဟုတ်...ချက်ချင်းနားထောင်ပြီး တန်းဆွဲရင် ပုံတွေကပိုလှလို့'

Heart Sketch (Yoshi x Doyoung)Where stories live. Discover now