unicode
'ဒီနေ့ဒီလောက်ပါပဲ'
ဆရာက နှုတ်ဆက်လိုက်တာနဲ့ ဒိုယောင်းတစ်ယောက် လက်တော့ပိတ် ကျောပိုးအိတ်ထဲအမြန်ထည့်ပြီးထိုင်ရာကနေထသည်။
'ဟေ့ကောင်...ဟေ့ကောင်...ဘယ်လဲ...ငါနဲ့ ဗီဒီယိုလိုက်ရိုက်ပေးမယ်ဆို'
'အာ..ဆောရီး ဒိုဟွမ်...ငါဒီနေ့အရေးကြီးကိစ္စရှိလို့..နောက်တစ်ခါသေချာပေါက်လိုက်ခဲ့မယ်'
'ငါ့မှာကိုရီးယားသူငယ်ချင်းဆိုလို့ မင်းတစ်ယောက်ပဲရှိပါတယ်။ မင်းကပါင့ါကိုပစ်ထားပြီပေါ့'
'အိမ်ကရေခဲသေတ္တာထဲမှာ မင်းကြိုက်တဲ့ သီးစုံရေခဲမုန့်ရှိတယ်'
'အိုကေ..စောစောပြန်လာဦး..Assignment ရှိသေးတယ်'
'ဟိုက်!!!'
နှုတ်ဆက်ပြီးကတည်းက ဘူတာရုံကိုပြေးတော့သည်။ ရထားနဲ့မှ မြန်မြန်ရောက်မှာမို့လို့ ကျောင်းနားကဆိုင်ကနေ ပေါင်မုန့်နဲ့နွားနို့တစ်ဘူးဝယ်လိုက်ပြီး ဒုန်းဆိုင်းပြေးရသည်။
အစ်ကိုနဲ့တွေ့ရတော့မှာလေ...ပြေးနေရပေမယ့် မမောပါဘူး။
၂ နာရီထိုးခါနီးလောက်မှာ ကော်ဖီဆိုင်ရှေ့ကိုရောက်လာခဲ့တယ်။ ဒီနေ့တစ်နေ့လုံးပြေးလိုက်ရတာ ဒူးတွေတောင်ချောင်ချင်သွားသည်။ ရထားပေါ်စားမယ်လုပ်ထားပေမယ့်လည်း အဆင်မပြေတော့ မုန့်တွေကဒီအတိုင်း။
ဆိုင်ထဲကိုလှမ်းကြည့်လိုက်တော့ အစ်ကို့ကိုမတွေ့သေး။ မရောက်သေးတာလား? လူမြင်ကွယ်ရာမှာပဲထိုင်နေတာလား?
ပေါင်မုန့်ကိုဖောက်လိုက်ပြီး ပါးစပ်အပြည့်တစ်ကိုက်ကိုက်လိုက်ပြီး ဖုန်းခေါ်ကြည့်ဖို့ ဖုန်းထုတ်လိုက်သည်။
-ချစ်ရတဲ့အစ်ကိုကြီး-
ဟိုတစ်နေ့က သူ့ဖုန်းကိုကိုင်ပြီး အီးမေးလ်ရိုက်နေတုန်း အမြန်ယူလိုက်ရတဲ့ ဖုန်းနံပါတ်ပေါ့။ ယူရုံတင်မဟုတ်ဘူး။ ပေးပါပေးခဲ့သေးတာ။ အပေးအယူဆိုတာ အမြဲရှိနေရမယ်လေ။
ပေါင်မုန့်ကိုပါးစပ်မှာကိုက်ထားပြီး လက်နှစ်ဖက်လုံးက ဖုန်းကိုင်ပြီး စာရိုက်နေတော့ အလယ်ကနေပြတ်ကျပြီး ပေါင်မုန့် ၃ ပုံ ၂ ပုံလောက်က အောက်ကိုပြုတ်ကျသွားသည်။
YOU ARE READING
Heart Sketch (Yoshi x Doyoung)
FanfictionAn Author and An Artist meets 💕 then, a story starts