unicode
'တင်းတောင်'
'အစ်ကို' သူ့ပုံစံကနှစ်ပေါင်းလရှည်ဝေးကွာနေရာက ပြန်တွေ့လို့ ပြေးဖက်တော့မယ့်ပုံ။
ယိုရှိကတံခါးသာဖွင့်ပေးလိုက်ပြီး အထဲပြန်ဝင်သွားသည်။
'အစ်ကိုစာတွေတော်တော်ပြီးသွားပြီပေါ့..ကျွန်တော်နဲ့မတွေ့ရတော့အလုပ်တွေအများကြီးလုပ်ဖြစ်သွားမှာပဲ'
*ဟင့်အင်း ကောင်လေး မင်းမှားနေပြီ*
ဒိုယောင်းကသူကျောင်းကနေအပြန်ဝယ်လာတဲ့ ramen ခေါက်ဆွဲဘူး ၂ ဘူးကိုစားပွဲပေါ်တင်လိုက်သည်။ ထို့နောက် အိတ်ထဲကနေ ကြက်သွန်မြိတ်တွေ မုန်လာဉနီတွေ ပန်းသီးတွေ ကိုတစ်ခုပြီးတစ်ခုထုတ်လိုက်ပြန်သည်။
ယိုရှိက အခန်းထဲကနေ လက်တော့နဲ့ဖုန်းယူပြီးထွက်လာတော့ မျက်လုံးအဝိုင်းသားလေး။
'ဘာလုပ်ဖို့လဲ ဒိုယောင်း'
'အစ်ကိုဘာမှမစားရသေးဘူးမလား'
'အင်း'
'ဒါဆို ကျွန်တော့်ပုံတွေကြည့်ရင်းစောင့်နေ'
ဒိုယောင်းကသူ့အိတ်ထဲက tablet ကိုထုတ်ပြီး ယိုရှိကိုပေးလိုက်သည်။
'အစ်ကိုပြောထားသလို အကုန်ဆွဲပေးထားတယ်။ အရောင်တော့မခြယ်ရသေးဘူး..မကြိုက်တာရှိရင်ပြောနော်'
'အိုကေ ကျေးဇူး'
သူကဟင်းချက်မယ်ဆိုတော့လည်း အေးအေးဆေးဆေး ကာတွန်းဖတ်ရင်းထိုင်စောင့်ရုံပဲပေါ့။
'အစ်ကို ကြက်ဥရှိလား'
'အင်း ရေခဲသေတ္တာထဲမှာ'
'အိုကေ'
ဒိုယောင်းကလည်း ကြက်ဥတွေတဂေါက်ဂေါက်နဲ့ခေါက်ပြီး အသီးအရွက်တွေကို တဒေါက်ဒေါက်နဲ့လှီးနေသည်။ အိုးထဲက ဆီကလည်း တရှဲရှဲနဲ့ အငွေ့ထွက်လာပြီ။
ခေါက်ထားတဲ့ကြက်ဥကို အိုးထဲထည့်ကြော်လိုက်လို့ ရှဲခနဲထွက်လာတဲ့အသံက အတိုင်းသား။
ယိုရှိတောင်ကာတွန်းဖတ်နေရင်း နောက်ဖေးကိုတစ်ချက်လှည့်ကြည့်လိုက်သေးသည်။
YOU ARE READING
Heart Sketch (Yoshi x Doyoung)
FanfictionAn Author and An Artist meets 💕 then, a story starts