MHBTAS (51)

4.4K 330 24
                                    

Part(51) U

"ဝမ်လေး...."

"........."

"ဝမ်လေး...ကိုကို့ ကလေးလေးရေ..."

ကုတင်စွန်းတွင် ဝင်ထိုင်ရင်း ခေါ်မိကာမှ တစ်ဖက်စွန်းသို့ တိုးကပ်သွားသည့် စောင်ပုံကြီးက တလှုပ်လှုပ်။
သက်ပြင်းခိုးရှိုက်ရင်း အသာဝင်လှဲကာ အထုပ်လိုက်ထွေးပွေ့တော့ ခဏငြိမ်ကျသွားပြီး ဆံပင်ဦးစွန်းလေးကို အရင်မြင်ရသည်။

"ကိုကို့ကို မသနားဘူးလားကွာ...အဆိုးလေး..."

"ကိုကို့ကိုပဲ ဆိုးဆို..."

"ကိုကို့ကို ဆိုးလို့ရတယ်...သင်တန်းတော့ တက်ရမယ်လေနော်...အရင်လည်း ဖေကြီးနဲ့ စက်ပစ်ကွင်း လိုက်လာနေကြပဲမလား...ဝမ်လေးရဲ့..."

"အဲ့ဒါက ကိုကိုနဲ့တွေ့ချင်လို့ လိုက်တာ...သေနတ်ပစ်ချင်လို့ မဟုတ်ဘူး..."

"ဟောဗျာ..."

"ပြီးတော့...ဝမ်လေးက စစ်သားပဲယူထားတာ...စစ်သားမှ မဟုတ်တာ...လို့..."

"စစ်သားတစ်ယောက်ရဲ့ ကြင်ဖက်ဖြစ်လာရင် စစ်သားတစ်ယောက်နီးပါး ကြုံလာသမျှ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိရတယ် ဝမ်လေးရဲ့...အခု ကိုကို အနားမှာရှိနေလို့...အဝေးရောက်နေတဲ့အခါမျိုးဆို အစစအရာရာ ဝမ်လေးဘာသာ ရပ်တည်ရမှာ..."

"........."

"ဆိုကြပါစို့...တပ်အင်အားနည်းနေတုန်း ရန်သူဝင်လာရင် ရှိတဲ့လူနဲ့လက်နက်နဲ့ပဲ ကာကွယ်ရမှာ...ဝမ်လေးလည်း တပ်မိသားစုပဲ...ကိုကိုပြောတာ နားလည်တယ် မဟုတ်လား...ဟင်..."

ရင်ဘတ်မှာမှီကာ နားထောင်နေသည့် ခေါင်းလုံးလုံးလေးကို ငုံ့နမ်းမိတော့ မျက်လုံးမှေးမှေးလေးတွေ မော့ကြည့်လာကာ...

"နည်းပြက ကိုကိုလား..."

"နည်းပြဆရာကြီးကလည်း သဘောကောင်းတယ်...အိမ်မှာ ပျင်းနေရမှာထက် အတွေ့အကြုံသစ်တွေလည်း ရတယ်လေ...နော်..."

"ဟုတ်တော့ ဟုတ်ပါတယ်...အိမ်အလုပ်တွေ
ဘယ့်နှယ်လုပ်မလဲ လို့..."

"အဲ့ဒီအတွက်တော့ မပူနဲ့...အိမ်အလုပ်တွေ ကိုကိုလုပ်မယ်...ဝမ်လေးက သင်တန်းမှာသာ အာရုံစိုက်ထားပေး...ဟုတ်ပြီလား..."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now