Part (60) U
အချိန်တွေက အကုန်မြန်လွန်းလှသည်။
ဒီနှစ်တွေအတွင်း အပြောင်းအလဲတွေလည်း များသည်ဆိုရမည်။အကိုဟောက်ရွှမ်းနှင့် အကိုကျိရန်က သမီးလေးမွေးပြီး အကိုယွီပင်းနှင့်ဖန်ရှင်းတို့က သားလေးမွေးလေသည်။
အကိုဟိုက်ခွမ်းနှင့် အကိုစန်ကျင်းတို့လည်း အကျဥ်းရုံးလက်ထပ်ပြီး HoneyMoon ကပြန်မရောက်ကြသေး။ကိုကိုက ဗိုလ်ကြီးကနေဗိုလ်မှူးအဖြစ် တစ်ဆင့်တိုးသွားပေမယ့် ပြောင်းမိန့်က ယခင်တပ်သာပြန်ကျသည်မို့ အခြေအနေမပျက်နေလာခဲ့သည်မှာ စောအော်လေးပင် မူကြိုတက်နေရပြီ။
ဖိုးဖိုးက ကျန်းမာရေးအရ အနားယူပြီး အရေးကြီးကိစ္စလောက်သာ ဆုံးဖြတ်တော့သည်။ ဖေကြီးက အငြိမ်းစားယူကာ ဖိုးဖိုးလုပ်ငန်းတွေကို လေ့လာရင်းဦးဆောင်နေသည်။ မေကြီးကတော့ ဖိုးဖိုးကိုပြုစုရင်း စာရင်းပိုင်းတွေ ကူပေးနေသည်။
ယုံကြည်စိတ်ချရသူ လူယုံတွေရှိနေ၍ တော်တော့သည်။
ဝမ်ဝမ်ကတော့ သားသားကို ပြုစုဖို့ ကလေးသူငယ်စောင့်ရှောက်နည်းတွေ လေ့လာသင်ယူရင်း လူမှုဝန်ထမ်းကဖွင့်သည့် လက်မှတ်ရ မူကြိုသင်တန်းဆရာလေး ဖြစ်နေပြီ။
အားလပ်ချိန်တွေမှာ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး၊ ကျန်းမာရေးဆိုင်ရာအလေ့အထများနှင့် အာဟာရဖြစ်စေမည့် အစားအသောက်များကို Little Leo ဟူသော ကိုယ်ပိုင် page လေးမှာ ရေးသားမျှဝေတတ်သလို V log လေးတွေ ရိုက်တင်တတ်သည်။
ကိုယ်ပိုင်အတွေ့အကြုံလည်းရှိ၊ ရှင်းလင်းသေသပ်စွာ တင်ပြနိုင်စွမ်းရှိတော့ အတော်လေး လူသိများလာခဲ့ပြီ။ Page လေးမှာ ကြော်ငြာတွေတင်ပေးဖို့ online မှ ကမ်းလှမ်းမှုများ ရှိခဲ့ပြီဖြစ်သည်။
ဒီနေ့လည်း ရေးလက်စ ဆောင်းပါးလေး လတ်စသတ်မည်ရှိသေး၊ ကိုကိုတို့သားအဖက တိမ်သွားကြည့်မည်ဆိုသဖြင့် ကမန်းကတမ်းလိုက်ရပြန်သည်။
မြေဓါတ်လေဓါတ်ရပြီး ကျန်းမာကြံ့ခိုင်စေရန်ဆိုသည့် ကိုကို့အစီအစဥ်အရ ရုံးပိတ်ရက်မနက်ခင်းနှင့် ညနေစောင်းတွေမှာ သားအဖနှစ်ယောက်သား လမ်းလျှောက်ထွက်ကြပြီ။
YOU ARE READING
My Heart Belongs To A Soldier_Completed [ Z&U ]
FanfictionZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစွာတေးလေး ဝမ်ရိပေါ်တို့ရဲ့ ဘုနဲ့ဘောက် ဂွကျကျ တွေ့ဆုံခြင်းမှသည် ဘာတွေ ဆက်ဖြစ်လာမလဲ ..... #NwayOo 18.10.2020 (12:10) AM ~~~~~~~~~~~~~~~~~ စည္းစ...