MHBTAS (24)

7.9K 693 96
                                    

Part (24) U

ကားမှန်ကနေ မြင်နေရသည့် သစ်ပင်တောတန်းတွေ၊ စိုက်ခင်းလယ်ကွင်းတွေက တစ်ရိပ်ရိပ် ဝေးလို့ဝေးလို့ ကျန်ခဲ့ပြီ။

လက်ကောက်ဝတ်က ပိုးကြိုးအပြာလေးကို ပွတ်သပ်မိရင်း နှုတ်ခမ်းကိုဖိကိုက်ကာ ဝေ့တက်လာသမျှ မျက်ရည်စတို့ကို မျိုချရင်း ကားခုံကို လျှောမှီထိုင်ရင်း မျက်ဝန်းတို့ စေ့ပိတ်ထားမိသည်။

"သားငယ်လေး...တို့ဟူးကြော် စားမလား...ကန်စွန်းဥကင် စားမလား..."

"အစောထလိုက်လို့ ခေါင်းအုံနေလို့ မေကြီး...သား မစားတော့ဘူး...ပြန်အိပ်ဦးမယ်နော်..."

အောင်စာရင်းထွက်ပြီး ကျောင်းပြန်ဖွင့်ခါနီးပြီမို့ ဝမ်ဝမ်လေး ဘေကျင်းပြန်ရပြီ။
ကိုကိုနဲ့လည်း ခွဲရပြီ။

အစက ကျောင်းဖွင့်ရက်နှင့် အချိန်ကိုက် ပြန်ရန် ဖြစ်သော်လည်း  ဘေကျင်းရုံးချုပ် သွားရမည့် ဖေကြီးနှင့် ဖိုးဖိုးဆီ သွားချင်သည့်ဆိုသည့် မေကြီးက သွားလက်စနှင့် တစ်ခါတည်းပို့ခဲ့မည်ဆိုသဖြင့် ပြန်မယ့်ရက်ထက်စောကာ ပြန်ခဲ့ရခြင်းပင်။

ဦးဦးရန်ရှင်းက ကားမောင်းရင်း ရှေ့ခန်းမှာ ဖေကြီးက စကားတပြောပြောနှင့်။
နောက်ခန်းက မေကြီးက တစ်ခါတစ်ခါ စကားဝင်ထောက်ပေးရင်း ရှေ့ခန်းကို စားစရာတွေ လှမ်းလှမ်းပေးနေတာ။

ဝမ်ဝမ်ကတော့ အိပ်ရေးမဝတာ အကြောင်းပြပြီး တစ်ဖက်ထောင့်ကပ်ကာ မှိန်းနေခဲ့တာ။
ငိုချင်နေတာဆို ပိုမှန်ပေလိမ့်မည်။

မချစ်ဖူးသည့် အချစ်ဦးမို့ အရူးအမူး ချစ်ခဲ့ရသောချစ်သူကို ချန်ထားခဲ့ရသည့် နှလုံးသားလေး နာကျင်မောဟိုက်လို့ နေသည်။

ရုတ်တရက်ပြန်ဖြစ်တာ​ကြောင့် လူချင်းနှုတ်ဆက်ချိန်မရပဲ ဖုန်းနှင့်ပဲ ပြောခဲ့ရတာ။

မနက် ဝေလီဝေလင်း ရိပ်သာရှေ့ကဖြတ်ရင်း ဦးဦးရိကျိုးကို မှာစရာတွေ ဆင်းမှာနေသည့် ဖေကြီးနောက်ကနေ မယောင်မလည် ဆင်းရှာမိတော့ Track Suit အပြည့်နှင့် တဘက်လေး လည်ပင်းပေါ်တင်ရင်း ငေးကြည့်နေသည့် ကိုကို။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now