MHBTAS (57)

4.4K 297 12
                                    

Part (57) U

"အကြာကြီး အညောင်းထိုင်တာ မကောင်းဘူး လို့ ကိုကိုပြောထားတယ်နော်..."

"အင်းပါ ကိုကိုရဲ့...ဒါလေး လတ်စသတ်ပြီးရင် ပြီးပြီနော်..."

ခြေအိတ်ပိစိလေး ထိုးနေရင်းက မျက်နှာချိုသွေးလာသည့် ဝမ်လေး။ ဆိုဖာခြေရင်းမှာထိုင်ချလိုက်ပြီး မို့ဖောင်းနေသည့် ​ခြေဖျားလေးတွေကို ပေါင်ပေါ်တင်ကာ ဖွဖွနှိပ်ပေးနေမိသည်။

"ကိုကို...အောက်မှာ မထိုင်နဲ့လေ...ဝမ်လေး ငရဲကြီးလိမ့်မယ်..."

"အချစ်က ငရဲထက် ပိုကြီးတာ မသိဘူးလား..."

"ကိုကို့...ပိစိလေး ကြားသွားမယ် လို့..."

"သူ့ဒက်ဒီ ဘယ်လောက်အချစ်ကြီးကြောင်း သိသွားတာပေါ့...မဟုတ်ဘူးလား..."

ပွစိပွစိလုပ်နေသည့် နှုတ်ခမ်းလေးကို အသာဖိကပ်နမ်းမိတော့ ရင်ဘတ်ဆီတွန်းကန်လာသည့် လက်ကလေးတွေ။

"အဟမ်း...အဟမ်း..."

"......."

"နေကောင်းတယ်နော် အကိုကြီး...ဟိ..."

"အေး...ကောင်းတယ်...စပ်​ဖြဲဖြဲနဲ့ ကလေးမသာရုပ် လုပ်မနေနဲ့ ဟောက်ရွှမ်း...လာလေ...ကျိရန်..."

အသီးခြင်းဆွဲလာသည့် ဟောက်ရွှမ်းက အလွတ်ကြီးဟောက်ခံလိုက်ရတာမို့ ရှုံ့မဲ့မဲ့။ ဆေးအိတ်နှင့်မုန့်တွေဆွဲလာသည့် ကျိရန်ကတော့ ခပ်ပြုံးပြုံး။

ချည်လုံးတွေ မြန်မြန်ကောက်သိမ်းရင်း ကော်ဖီပန်းကန်တွေနှင့် ပြန်ထွက်လာသည့် ဝမ်လေးက မျက်နှာထားရခက်နေသည့်ဟန်။

"အကိုကြီးတို့များ ကိုယ့်ညီလေးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းတော့တာပဲဗျာ...ရင်ဘတ်ထဲက နာတယ်..."

"မင်း ဒီကောင့်ကို ဘယ်လိုများ ကြိုက်ခဲ့တာလဲ ကျိရန်ရာ..."

"များသွားပြီ အကိုကြီး...ကြိုက်တာ​မဟုတ်ဘူး...ချစ်တာ...ချစ်တာ..."

အကိုကျိရန်ကတော့ စကားနိုင်လုနေသည့်နှစ်ယောက်ကို မနိုင်ဘူးဟူသောအကြည့်ဖြင့်ကြည့်ကာ ဝမ်ဝမ့်ဘက် တစ်ဆက်တည်း မေးလာသည်။

"နေသာရဲ့လား ဝမ်ဝမ်...ခြေထောက် ကိုက်သေးလား..."

မေးလည်းမေးရင်း စမ်းလည်းစမ်းသပ်ရင်းက အနည်းငယ်မို့ဖောင်းနေသော ခြေလက်လေးတွေကို ဖွဖွဖိကြည့်နေသည်။

My Heart Belongs To A Soldier_Completed [ Z&U ]Donde viven las historias. Descúbrelo ahora