Part(13) U
Gym လေးငါးရက် ဆော့လိုက်တာ ဝမ်ဝမ်လေး ဖျားနေပြီ။
အပြင်က Gym Trainer ကတောင် သက်ညှာဦးမည်။
မွေးသဖခင် ကျေးဇူးရှင်၏ ငါတို့တုန်းက...အစချီသည့် workout ပေါင်း တစ်သိန်းတစ်သောင်းမှာ သာခွေယိုင်ကာ လေးဘက်ထောက်နီးပါး ပြန်လာရသည်က ဆက်တိုက်နီးပါး။
မနေ့ညကတော့ လူကနုန်းခွေနေတာမို့ ချွေးတိတ်အောင် မစောင့်ပဲ ရေစိမ်ချိုးမိကာ...ဗိုက်ဆာဆာနှင့် မေကြီးကို အပူကပ်ထားရသည့် တော့ပုကီတွေ တနင့်တပိုးစားပြီး တန်းအိပ်လိုက်မိတာ။
ညတစ်ရေးနိုးတော့ ကိုယ်တွေ ပူခြစ်ကာ ဖျားပြီ။
ညည်းသံကြားမှ သိရသော ဖေကြီးနှင့်မေကြီးလည်း ရေပတ်တိုက်သူကတိုက်၊ အိမ်သုံးဆေးတိုက်ထားနှင့်ကာ မအိပ်ပဲ စောင့်ရတော့သည်။မနက်လင်းမှပဲ ဆေးဗိုလ်ကြီးကို ဦးဦးရန်ရှင်း သွားခေါ်ရတော့သည်။
"အဖျားက 102° ရှိတယ်....ရင်ပြည့်ပြီး အအေးမိသွားတာပါ တပ်ရင်းမှူး...အရမ်းတော့ စိုးရိမ်စရာ မရှိပါဘူး...ဆေးထိုးပြီး သောက်ဆေးသုံးရက်စာ ပေးခဲ့မယ်....လောလောဆယ် ဆန်ပြုတ်နဲ့ အစာခပ်ပျော့ပျော့လေးပဲ ကျွေးပေးပါ..."
"ဆေးထိုး....ချင်ဘူး...."
"ဝမ်ဝမ်....ကလေးလည်းမဟုတ်ဘူး...မဂျီနဲ့...."
ဆေးထိုးမယ် ဆိုတာနှင့် မျက်နှာလေးငယ်ကာ မရဲတရဲပြောပေမယ့် အထမမြောက်ပါ။
မေကြီးကလည်း ဘာမှကူမပြောတာမို့ အခြေအနေ မကောင်းလှ။နောက်ဆုံးတော့လည်း တင်ပါးလေး လက်နှင့်ပွတ်ရင်း မျက်လုံးရဲတာပဲ အဖတ်တင်တာ။.
"သားငယ်လေးရေ...ဆန်ပြုတ်ခွံ့ပေးမယ်နော်...."
"သောက်ချင်ဘူး....လူမမာနံ့ကြီးရလို့...."
"အစာရှိမှ ဆေးသောက်လို့ရမှာလေ...သားရယ်...အဲ့ဒါမှ မြန်မြန်နေကောင်းမှာ...လျှောက်ဆော့နိုင်မှာ...."
"........."
"နေကောင်းရင် သားသွားချင်တဲ့ ရေတံခွန် လိုက်ပို့မယ်....
"ကတိနော်....မေကြီး...."
"အင်း....ကတိ...."
ရေတံခွန်သံကြားမှ မျက်လုံးအစ်အစ်လေးတွေ အရောင်လက်ကာ ဆန်ပြုတ်တွေကို တမြုံ့မြုံ့ သောက်နေတော့သည်။
ESTÁS LEYENDO
My Heart Belongs To A Soldier_Completed [ Z&U ]
FanficZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစွာတေးလေး ဝမ်ရိပေါ်တို့ရဲ့ ဘုနဲ့ဘောက် ဂွကျကျ တွေ့ဆုံခြင်းမှသည် ဘာတွေ ဆက်ဖြစ်လာမလဲ ..... #NwayOo 18.10.2020 (12:10) AM ~~~~~~~~~~~~~~~~~ စည္းစ...