MHBTAS (19)

7.9K 728 146
                                    

Part (19) U

"လူကြီး...ဂျင်စင်းနဲ့ကြက်ပေါင်း လုပ်လာတယ်...နွားနို့ရောပဲ....ပူတုန်း အရင်သောက်လိုက်နော်...."

"အလုပ်ရှုပ်မခံပါနဲ့ စွာတေးရယ်...ကိုယ်က လူမမာကြီးကျနေတာပဲ...."

"လူမမာပဲလေ...ပတ်တီးမှ မဖြေရသေးတာ...အလုပ်လည်း မရှုပ်ဘူး...မေကြီး ချက်ပေးတာ....ဝမ်ဝမ်က ကြက်သွန်ဖြူခွာပေးတယ်၊ မီးဖို plug ထိုးပေးတယ်လေ..."

အချက်အပြုတ် skills ကတော့ အံ့မခန်းကောင်းလေစွ လို့သာ ညည်းလိုက်ချင်တော့သည်။

ပြောမရဆိုမရသည့် အရစ်တုံးလေးက ဆက်ပြောလျှင် သူ့စေတနာကို ပလစ်သည်ဆိုကာ ဂျစ်တူးဦးမည်။

သီးခြားတာဝန်တွေလည်း ဟိုက်ခွမ်းကူနေပြီး တပ်ရင်းမှူးကပါ နားခိုင်းနေသည့်အပြင် ဒဏ်ဆက်မဖြစ်အောင် ဆေးစည်းရမယ် လို့ ကျိရန်အတင်းဆွဲထားသဖြင့်သာ ဆေးရုံမှာ သောင်တင်နေတာ။

လူမမာကြီးလို ဆက်ဆံခံရတာကြီးကိုဖြင့် မကြိုက်လှပါ။

တစ်နေ့တစ်မျိုး မရိုးသည့် စားစရာတွေနဲ့ နေ့တိုင်း ရောက်လာတတ်တဲ့ စွာတေးကြောင့် တပ်ရင်းမှူး ဇနီးမောင်နံကိုလည်း အားနာတာထက် မျက်နှာထားရ ခက်နေပြီ။

ဟိုက်ခွမ်းတို့ ဟောက်ရွှမ်းတို့ရဲ့ ပြုံးစိစိ အကြည့်ကြီးတွေကိုလည်း ခံရခက်ပေမယ့် ဘယ်လိုရှင်းရမှန်းမသိ။

တစ်ခါတစ်ခါ သယ်သယ်လာတာများ ကျိရန်နှင့် ဆေးအကူတပ်သားတွေပါ စားလို့ရသေးသည်။

"ကြက်ပေါင်းစားရအောင်...အာ..."

သူပဲ နားအေးသည်။
အသံလေး တဆာဆာနှင့် စိတ်ရှိတိုင်း နေနေတာ။
ကိုယ့်မှာသာ လူကြီးမို့ အကြည့်ထိန်းရ အပြောထိန်းရ အနေအထိုင်ထိန်းရနှင့် အနေကြပ်နေတာ။
သူကတော့ သာသာယာယာ။

အခုလည်း ကြက်ပေါင်းပန်းကန်ကြီးမကာ နှုတ်ခမ်းလေးထော်ပြီး ကလေးတွေကိုခွံ့သလို ခွံ့ဟန်ပြင်နေတာကြောင့် ရှောင်းကျန့် နားထင်နားရင်းတွေ လည်ပင်းတွေပါ ပူရှိန်ရှိန် ဖြစ်လာပြီ။

"ကိုယ့်...ကိုယ့်ဘာသာ သောက်မယ်လေ..."

"လက်ကို အနားပေးပါဆို....ကျွန်တော် ခွံ့ပေးမယ်...ဟ...အာ....."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now