MHBTAS (55)

4.4K 318 31
                                    

Part (55) U

ကိုကိုက လိုင်းမမိသည့်နေရာမှာမို့ အရင်လိုဖုန်းပြောလို့လည်းမရတော့။ ဆက်သွယ်ရေးစက်ကလည်း အရေးကြီးကိစ္စရှိမှသာ ပြောလို့အဆင်ပြေမည်မို့ လစာပေးအဖွဲ့တက်မှ စာ၊ပစ္စည်းစသဖြင့် အကြုံပါးနိုင်တော့သည်။

အခြေအနေတွေ မမှန်းဆနိုင်သော်ငြား ပိုခက်ခဲပင်ပန်းသည့် စစ်ဆင်ရေးဖြစ်မည်ကိုတော့ မသိစိတ်က စိုးထိတ်နေမိပြန်သည်။

ဆွဲမိုင်းမိပြီးနောက် ထိတွေ့ပစ်ခတ်မှုတွေ စိပ်လာပုံရသည်။ ဒီအတောအတွင်း တပ်ရေးတပ်ရာကိစ္စတွေ သိပ်မလုပ်ဖြစ်သော်ငြား ကျဆုံးသတင်းတို့နှင့် ထိခိုက်ဒဏ်ရာသတင်းတွေတော့ ကြားနေရသည်ပဲ။

"ဝမ်ဝမ်ရေ..." "သားငယ်လေး..."

"မမ...ရွှမ်လု...မေ...မေကြီး...ဘယ်လိုက ဘယ်လို..."

"အိမ်ထဲအရင်ဝင်ရအောင် မမရေ...ဝမ်ဝမ်တော့ အိမ်မက်လားတကယ်လား ဖြစ်နေပြီ..."

မမရွှမ်လုက မူပိုင်အပြုံးနှင့်ပြောရင်း မေကြီးနှင့်အတူ လှမ်းဝင်လာသည်။ နောက်မှာတော့ အထုပ်တွေခြင်းတွေနှင့် ဦးဦးရန်ရှင်းတို့စုံတွဲ။

"တပ်ဦးကျောင်းကအပြန် ဂိတ်မှာတွေ့လို့ မြင်ဖူးသလိုရှိသားလို့ သွားနှုတ်ဆက်ရင်း ဆုံလာကြတာ ဝမ်ဝမ်ရေ...အိမ်ကလူ အရာရှိငယ်လေးတုန်းက မမမေလင်းတို့နဲ့ တပ်မတစ်ခုတည်းလေ..."

"သားငယ်က ဖိုးဖိုးဆီမှာတော့ မဆုံဖူးကြတာ...အဲဒီတုန်းက လမ်းပန်းခက်ခဲတော့ နှစ်ကူးပြန်ချိန်တွေဆို စုပြန်စုဆုံကြရော...တပ်တွေမတူပေမယ့် ခေါ်ပြောနှုတ်ဆက်ကြရင်း မျက်မှန်းတန်းမိကြတာ သတိရသေးတော့..."

အအေးနှင့် အသီးပန်းကန်ပြင်ကာ အသာဝင်ထိုင်တော့ စကားကောင်းကြဆဲ...

"မမတို့နဲ့ဆုံတဲ့အခေါက်ပေါ့...သားသားရယ် ရထားတွဲချိန်းတော့ ပျောက်မလိုဖြစ်တာလေ...ပိုင်ရှင်းတို့ မွှေချက်..."

"အဲ...သားသားရော မနည်းကြီးရောပေါ့..."

"တက္ကသိုလ်တက်နေပြီ မမ...ဝမ်ဝမ်နဲ့ အဖွဲ့ကျနေတာ...ခု ကျောင်းဖွင့်လို့ ပြန်သွားရတာ...ရောက်တုန်းရောက်ခိုက် နေဦးနော် မမ..."

My Heart Belongs To A Soldier_Completed [ Z&U ]Onde histórias criam vida. Descubra agora