Part (35) U
နှင်းမြူတို့က တဖွဲဖွဲကျနေပြီး လေပြည်တို့ ဝေ့ဝဲနေသည့်တစ်ခုသော ဆောင်းနံနက်ခင်းရဲ့ တောင်နံရံစွန်းမှာတော့ ခိုက်ခိုက်တုန်နေသည့် တောင်ပေါ်ဆောင်းကို အံတုနေသည့် လူတစ်စု။
နီစပ်နေသော မျက်ဝန်းများရဲ့လားရာက ကျောက်ချွန်းထက်ရှိ နိုင်ငံတော်အလံ ခြုံလွှမ်းထားသည့် ဗိုလ်ကြီး ကျိုးယန်။
"တာဝန်ကျေခဲ့ပါတယ်...ညီလေး...
နားနှင့်တော့ကွာ..."ဦးထုပ်ကို နေရာကျအောင် ပြင်ဆောင်းပေးရင်း အက်ကွဲရှသံဖြင့် နှုတ်ဆက်နေသည့် ဒုတပ်ရင်းမှူး။
ရင်ဘတ်ပေါ် လက်နှစ်ဖက်ယှက်ကာ အလံအုပ်ထားသည့် ပေါင်လယ်အောက်က လေဟာနယ်ကို ငေးရင်း လက်သီးတင်းတင်းဆုပ်ကာ အသံတိတ် ကတိပေးနေမိသည့် ရှောင်းကျန့်။
"ကြည်း............ဗိုလ်ကြီး ကျိုးယန်...
ယနေ့ယခုမှစ၍ သင်သည် တပ်မတော်နှင့် မည်သို့မျှ မသက်ဆိုင်တော့ကြောင်း အမိန့်စာပြန်လိုက်သည်...သင်သွားလိုရာ သွားနိုင်ပြီ...."အမိန့်စာအဆုံးသတ်က အဖျားခတ်တုန်ယင်သွားသည်။
ယှက်ထားသည့် လက်တွေထဲ အမိန့်စာကို ဖိပေးကာ အလံကို ဦးထုပ်ထိအလုံ ဆွဲအုပ်ပေးလိုက်ပြီး ရှောင်းကျန့် ခေါင်းငြိမ့်ပြလိုက်သည်။
YOU ARE READING
My Heart Belongs To A Soldier_Completed [ Z&U ]
FanfictionZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစွာတေးလေး ဝမ်ရိပေါ်တို့ရဲ့ ဘုနဲ့ဘောက် ဂွကျကျ တွေ့ဆုံခြင်းမှသည် ဘာတွေ ဆက်ဖြစ်လာမလဲ ..... #NwayOo 18.10.2020 (12:10) AM ~~~~~~~~~~~~~~~~~ စည္းစ...