MHBTAS (39)

6.3K 531 55
                                    

Part (39) U

Ring....

"ဗိုလ်ကြီး ရှောင်းကျန့်နဲ့ ပြောချင်လို့ပါခင်ဗျာ..."

"အမိန့်ရှိပါခင်ဗျာ...ကျွန်တော် ရှောင်းကျန့်ပါ..."

"ဗိုလ်ကြီး...ကျွန်တော် တပ်ကြပ်ကြီး ချင်းဝမ်ပါ..."

"ဟာ...ဆရာကြီး...မတွေ့တာ ကြာပြီ...မိသားစုတွေ နေကောင်းကြလား... သတိရတယ်ဗျာ...."

"ကောင်းပါတယ် ဗိုလ်ကြီး...ဗိုလ်ကြီး ယွီပင်းနဲ့ဆုံလို့ ဖုန်းရလာတာ...ကျွန်တော် ဗိုလ်ကြီးတို့ကျောင်းမှာ ရောက်နေတာ...ဗိုလ်ကြီး တပည့် ကျောင်းဆင်းပြီလေ..."

"ချင်းဟန် စစ်တက္ကသိုလ် တက်ဖြစ်တာလား..."

"ဟုတ်တယ် ဗိုလ်ကြီးရေ...ဗိုလ်ကြီး ကျေးဇူးနဲ့ လိမ်မာသွားတာ...ဗိုလ်လောင်းထူးချွန်ဆု ရလို့ စစ်ဦးစီးချုပ်နဲ့ ညစာစားပွဲတက်ရမယ်..."

"တကယ်ဝမ်းသာတယ်ဗျာ...ကိုယ့်မိသားစုတွေထဲက ဒီလိုထူးချွန်တာ...ဂုဏ်လည်းယူတယ်..."

"ဗိုလ်ကြီးကြောင့်ပါ...မဟုတ်ရင် ဒီအချိန် ဆေးရုံနဲ့အချုပ်ခန်း ကူးနေရမှာ..."

"ပင်ကိုယ်ဗီဇကောင်းလို့ ပြုပြင်ရလွယ်တာပါဗျာ...ချင်းဟန် ကိုယ်တိုင်လည်း နာခံလို့ပါ...ညစာစားပွဲတက်ဖို့ အားမွေးလိုက်ဦး...ကျွန်တော်လည်း မနေ့ကမှ ရှေ့တန်းပြန်ဝင်တာ..."

"Fighter လုပ်ကောင်းတုန်းပဲလား ဗိုလ်ကြီးရ...အဖော်မရှာတော့ဘူးလား...တွေ့နေရင်လည်း ပြောပါဦး..."

"နောက်များမှပေါ့ဗျာ...."

"အစစအရာရာ ဂရုစိုက်ဦး ဗိုလ်ကြီးရေ...အေးဆေးကျမှ ချင်းဟန်ဆက်လိမ့်မယ်...လေးစားပါတယ် ဗိုလ်ကြီး..."

"လေးစား...ဆရာကြီး..."

ကျောင်းဆင်းဆင်းချင်း တာဝန်ကျခဲ့သည့် မိခင်တပ်မှာ ဆုံခဲ့ရသည့် တပ်ခွဲတူ ဆရာကြီး။

လူဖြောင့်စိတ်တိုသမားဆိုတော့ စေတနာလွန်ကဲကာ ဆုံးမသမျှ အဖေနှင့်သား နားလည်မှုလွဲကာ တကျက်ကျက်။

မနေသာသော ရှောင်းကျန့်က ရင်းနှီးမှုယူကာ ပေါင်းကြည့်တော့ ပင်ကိုယ်မဆိုးလှပဲ အရာရာစူးစမ်းစ လူငယ်စိတ်နှင့် ထိန်းချုပ်တာကို ရုန်းထွက်လိုစိတ်ကို နားလည်လာရတာ။

My Heart Belongs To A Soldier_Completed [ Z&U ]Où les histoires vivent. Découvrez maintenant