MHBTAS (41)

6.6K 544 46
                                    

Part (41) U

ခုံနံပါတ် အစဥ်လိုက်ရရန်ဆိုကာ အတင်းခေါ်နေသည့် ဖန်ရှင်းနှင့်ကောချန် အလိုကျ ကျောင်းသားရေးရာမှာ အတင်းတိုးအပ်ပြီးတော့ နေအတော် မြင့်နေပြီ။

ဦးဦးရန်ရှင်းနှင့် ကိုကိုက စစ်ကြောရေးမှာ တည်းတာကြောင့် မနက်ခင်းမှ မေကြီးကို လာကြိုပြီး စစ်ဆေးရုံ သွားကြမည်ဟု သိထားသည်။

ကိုကိုနှင့်ဆုံမလား စောင့်နေတုန်း ကျေးဇူးရှင်နှစ်ယောက်က မေကြီး ဟင်းဘူးတွေ မရင်း လာခေါ်ကြတာကြောင့် ဆန့်တငင်ငင်နှင့် ပါလာရတာ။

ကျောင်းလည်းအပ်ပြီးပြီဆိုတော့ လူနာသွားကြည့်ရကောင်းမလားတွေးရင်း ဥာဏ်ရောင်စုံ ထုတ်နေရသည်။

"Shopping ထွက်ကြမလား...."

"လူနာသွားကြည့်ကြမယ်..."

"အမ်...."

"ငါတို့တပ်က မိုင်းထိတဲ့ ဗိုလ်ကြီးလေ...လူမှုရေးအရ သွားကြည့်သင့်လား လို့..."

"အန်တီ သွားမှာဆို...မင်းက ဘာလို့လဲ...."

"ငါနဲ့လည်း ခင်တယ်လေ...ဖန်ရှင်း အဲ့ဒါ မင်းလူကြီး စီနီယာနော်...မင်းလည်း ကြည့်သင့်တယ်...."

"ငါနဲ့မှ မသိ...."

"နောင်တစ်ချိန်ပြန်ဆုံရင် မျက်နှာရင်းတာပေါ့ မင်းကလည်း...."

"အဲ့...အဲ့လိုလား...."

"အေး...အဲ့လိုပဲ...."

လူတတ်ကြီးအထာနှင့် ပြောတော့ ဖန်ရှင်းခမျာ မျက်လုံးလေး ကလယ်ကလယ်နှင့် ခေါင်းငြိမ့်ရှာသည်။

အသီးတွေနှင့် မုန့်တွေဝယ်ပြီးတော့ သုံးယောက်သား ချီတက်လာကြတာ။
ဂိတ်မှာ ဧည့်သည်ကဒ်ယူကာ လူနာနာမည်၊ တပ်နှင့် case မေးတော့ တန်းတန်းမတ်မတ်ပင် ရောက်လာကြပါသည်။

အရိုးအကြော ကုသဆောင်ဘက်မို့ ဆေးရုံဝတ်စုံလေးတွေဝတ်ကာ wheel chair နှင့်တစ်မျိုး ချိုင်းထောက်နှင့်တစ်သွယ် သွားလာကြနေတာ မြင်တော့ ရင်ထဲမကောင်းလှ။ ဖန်ရှင်းနှင့် ကောချန်လည်း မျက်နှာငယ်လေးတွေနှင့်ရယ်။

"မမ ချင်းချင်း....."

"အယ်...ဝမ်ဝမ်...သူငယ်ချင်းတွေပါ ပါလာတာလား...လာ... လာ...."

My Heart Belongs To A Soldier_Completed [ Z&U ]Tahanan ng mga kuwento. Tumuklas ngayon