Part (12) U
ပင်လယ်ရေ မျက်နှာပြင်အထက် ပေ 4000 ကျော်။
စိမ်းမြကျယ်ပြောသော တောင်တန်းတွေက မြူတွေရစ်ဆိုင်းကာ မြင်လေရာရာ မှိုင်းညို့ညို့နှင့် လွမ်းစရာအတိ။
လေအဝှေ့မှာ တဖျတ်ဖျတ်လွင့်နေသည့် နိုင်ငံတော်အလံနှင့် ရှေ့တန်းမြေ စစ်စခန်းတစ်ခု။
နေရောင်လဲ့လဲ့ပြေးနေသော မနက်ခင်းမို့ အရင်ရက်များထက် ရာသီဥတုသာယာနေသယောင်။
ခေါင်းအုံးအသေးလေးနှင့် စစ်စောင်နှစ်ထည်သာပါသော အိပ်ရာသိမ်းခြင်းအမှုကို ပြုပြီးနောက် သွားတိုက်ဆေးနှင့်သွားပွတ်တံ၊ ရေခွက်ယူကာ စစ်တဘက်အသေးလေး ပုခုံးပေါ်တင်ပြီး ဝါးပိုးတဲထဲက ထွက်လာလိုက်သည်။
စခန်းနှင့် မနီးမဝေး ကွေ့ဝိုက်ရစ်သွယ်ကာ ဖြတ်စီးနေသော စမ်းချောင်းလေးက ကျောက်စရစ်ရောင်စုံလေးများပါ မြင်ရအောင် ကြည်လင်လှသည်။
ချောင်းလေးအထက်ဘက်ကို သောက်ရေနှင့်သုံးရေအတွက် တမန်ဆည်ကာ အောက်ဘက်ပိုင်းကိုတော့ ေ ချိုးရန်နှင့်လျှော်ဖွပ်ရန် အတွက် ကန့်ထားသည်မို့ စခန်းတစ်ခုလုံးအတွက် အားထားရာလေးပင်။
"ဗိုလ်ကြီး.....မျက်နှာသစ်ဖို့ တပည့်ခပ်ထားတယ်လေ..."
"နေပါစေကွာ...လိုရင်သုံးရအောင် ထားလိုက်ပါ...ကိုယ်တိုင်ခပ်တော့ ကိုယ်လက်လှုပ်ရှားတောင် ဖြစ်သေးတယ်...."
"ဟို...ဗိုလ်ကြီးက ဗိုလ်ကြီးဆိုတော့...ကိုယ်တိုင်ခပ်ရတာ....."
"ဖြစ်ရလေ ရှန်းဟူရာ...အရာရှိက
ဦးဆောင်မယ်...အဖွဲ့သားတွေက လိုက်နာမယ်...အဲ့ဒါက အထက်အောက် အပြန်အလှန်ထားရှိတဲ့ လေးစားမှု ရိုသေမှုပဲ...ကျန်တဲ့အချိန်တွေမှာ ငါတို့ဟာ ယုံကြည်ချက်အတွက် ရပ်တည်နေကြတဲ့ သေဖော်သေဖက်တွေ ရဲဘော်ရဲဘက်တွေချည်းပဲ...""......."
"အဲ့ဒါကြောင့် တာဝန်ကလွဲလို့ တခြားကိစ္စတွေမှာ အမြဲအဆင်သင့် ဖြစ်နေစရာ မလိုပါဘူး...မင်းစေတနာကို နားလည်ပေမယ့်....တာဝန်ကျေတဲ့ စစ်သားကောင်း ဖြစ်ဖို့ပဲ ကြိုးစား....ဟုတ်ပြီလား...."
ESTÁS LEYENDO
My Heart Belongs To A Soldier_Completed [ Z&U ]
FanficZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစွာတေးလေး ဝမ်ရိပေါ်တို့ရဲ့ ဘုနဲ့ဘောက် ဂွကျကျ တွေ့ဆုံခြင်းမှသည် ဘာတွေ ဆက်ဖြစ်လာမလဲ ..... #NwayOo 18.10.2020 (12:10) AM ~~~~~~~~~~~~~~~~~ စည္းစ...