Part (14) U
"နိုးပြီလား...သားငယ်လေး...ဘယ်လိုနေသေးလဲ...ကိုယ်တော့မပူတော့ဘူး..."
ခင်ပွန်းသည်က မနက်စာစားပြီးတည်းက ရှေ့တန်းကြိုဖို့ ပြင်ဆင်ရေး သွားနှင့်ပြီ။
မေလင်းလည်း နာလန်ထစ လူမမာလေးအတွက် စားစရာ ပြင်ပေးပြီး ခန်းမသွားဖို့ ပြင်နေတုန်း မျက်လုံးကိုလက်နှင့်ပွတ်ကာ ဂွမ်းလုံးလေးက နိုးလာပြီ။"သက်သာတယ် မေကြီး...ခေါင်းလည်း မူးတော့ဘူး...နည်းနည်းတော့ နုန်းနေတယ်...."
"နာလန်ထစကိုး....ကြက်စွပ်ပြုတ်ကို ဂျင်းလေးနဲ့ပြုတ်ထားတယ်...သောက်ခါနီးမှ ငရုတ်သီးစိမ်းလေးနဲ့ သံပုရည်ညှစ်သောက်နော် သား...အုပ်ဆောင်းအောက်မှာ အကုန်ပြင်ပြီးသား...လိုချင်တာရှိရင် ဦးဦးရန်ရှင်းကို ပြောနော်...မေကြီး ခန်းမ လိုက်သွားဦးမယ်..."
"ဝမ်ဝမ်လည်း လိုက်ချင်တယ်...ကူပေးချင်တယ်...လို့...."
"လေစိမ်းတွေတိုက်မယ် သားရဲ့...အင်း. ခန်းမဆိုတော့ လုံတော့လုံပါတယ်...အဲ့ဒါဆို စားသောက်ပြီးမှ လိုက်လာခဲ့...အန်တီတို့မမတို့က စောင့်နေရရင် မကောင်းဘူး...မေကြီး သွားနှင့်တော့မယ်...အနွေးထည် ဝတ်ခဲ့နော်....."
"ဟုတ်....တာ့တာ..."
မေကြီး ထွက်သွားတာနှင့် ကမန်းကတမ်း မျက်နှာသစ်၊ ခြေလက်ဆေး၊ အဝတ်အစားလဲပြီး ကြက်စွပ်ပြုတ် ပူပူချဥ်စပ်ကို အားပါးတရ သောက်ကာ အနွေးထည်ထပ်ဝတ်ပြီး တပ်ရင်းခန်းမရှိရာ လိုက်ခဲ့တော့သည်။
မနက်ဖြန် ရှေ့တန်းပြန်ဝင်မှာတဲ့....
တွေ့ကြရင် စိမ်းသွားမှာလား...
နေမကောင်းလို့ ဂရုစိုက်ပေးရုံလား...လူကြီးရယ်..."ဝမ်ဝမ်လေး...လာ...လာ..."
မေကြီးနှင့်အန်တီတွေက ရဲဘော်တွေ သယ်ချနေသည့် ပန်းတွေကို အမျိုးအစားအလိုက် ရေစည်တွေထဲ ထောင်တာထောင်၊ အပွင့်တွေချည်းသက်သက် ဗန်းထဲထည့်သူထည့်နှင့် အလုပ်များနေကြတာမို့ မမတစ်ယောက်က ခေါ်ရာ အသာထိုင်နေလိုက်သည်။
ဖေကြီးနှင့် ဦးဦးတွေကတော့ သစ်သားတိုင်ဖြတ်ပြီးသားတွေကို မုခ်ဦးအတွက် ပြင်ဆင်နေကြပြီ။
ESTÁS LEYENDO
My Heart Belongs To A Soldier_Completed [ Z&U ]
FanficZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစွာတေးလေး ဝမ်ရိပေါ်တို့ရဲ့ ဘုနဲ့ဘောက် ဂွကျကျ တွေ့ဆုံခြင်းမှသည် ဘာတွေ ဆက်ဖြစ်လာမလဲ ..... #NwayOo 18.10.2020 (12:10) AM ~~~~~~~~~~~~~~~~~ စည္းစ...