MHBTAS (63)

3.3K 243 10
                                    

Part (63) U

"သားကျန့်ရေ...ဖျော်ရည်စက်ရုံနဲ့စာချုပ်ကိစ္စ ပြတ်ပြီလား..."

"မနေ့က ဖုန်းရထားတယ် ဖေဖေ...ဒီနေ့ ဆယ်နာရီဆုံမယ်...နောက်တစ်ရာသီအတွက်ပါ ဆက်သွားမယ့် အနေအထားရှိတယ်..."

"အေး...ကြားရတာ အားရသကွာ ...အသက်ကြီးလာတော့ စိတ်သွားတိုင်း ကိုယ်ပါဖို့ အခက်သားကလား...သားကျန့်ရောက်လာတော့ ပိုအားရှိတယ်...မင်းတို့ဖိုးဖိုးက ပြော​နေတယ် ပိုတိုးတက်လာတာ မျက်မြင်ပဲတဲ့..."

"အလုပ်ကပြန်သင်သွားတာပါပဲ ဖေဖေရယ်...စိုက်ပျိုးရေးက နဂိုတည်းက အကျွမ်းတဝင်ဖြစ်နေတာလည်း ပါမယ်ထင်ရဲ့...ကိုးခွဲနေပြီ...ကျွန်တော်သွားတော့မယ် ဖေဖေ...အဲ့ဒီကနေမှ အသီးခြောက်စက်ရုံသွားလိုက်မယ်...

"အေး အေး သားရေ...ဂရုစိုက်သွား..."

မျက်မှန်ပင့်တင်ရင်း ထွက်သွားသော သားမက်ကိုကြည့်ကာ လူရွေးမှန်သော သားငယ်ကိုချီးကျူးရသည်။

အင်းလေ...အခုမှသာ ချီးကျူးရဲတာ...
ဒင်းလေးက တဇွတ်ထိုး ခိုးရာလိုက်သွားတာ မဟုတ်လား...

"ခေါင်းတယမ်းယမ်းနဲ့ ဘာဖြစ်နေတာလဲ မဖေကြီး...သားကျန့်ရော သွားပြီလား..."

ရေနွေးဗန်းလေး ချရင်း မေးသံကြားမှ သတိဝင်လာသော ဝမ်ပါးပါး။

"ဒီတိုင်း သားငယ်တို့ လက်မထပ်ခင်အချိန်တွေ သတိရသွားလို့ပါကွာ...အဲ့ဒီတုန်းကသာ တကယ်ခွဲခဲ့မိရင် ကလေးတွေအပေါ် နောင်တရလို့ဆုံးမယ်မထင်ဘူး..."

"အခုတော့ သားမက်အလိမ်မာမှန်း သိပြီပေါ့လေ..."

"အစတည်းက သိပါတယ် အမေကြီးရယ်...သားငယ်ကအရမ်းငယ်သေးလို့ ပူခဲ့တာ..."

"သားကျန့်ကို နဂိုတည်းက လူတော်လူကောင်းလေးမှန်း သိပါတယ်...အခုတော့ သားငယ်လေးလည်း လူရွေးမှန်...ချစ်စရာမြေးအနှစ်လေးလည်း ရှိလာပြန်တော့ လက်ထပ်ပေးခဲ့တာကိုပဲ ကျေနပ်မိပြန်တယ်..."

စကားတပြောပြောနှင့် ဝင်အလာ နံရံထက်ဆီမှ မိသားစုဓါတ်ပုံကြီးက စီးမိုးနေသည့်အလား။ စောအော် မူလတန်း တက်သည့်နှစ်က ရိုက်ထားခဲ့သောပုံဖြစ်ပြီး နှစ်များစွာကြာသည့်တိုင် ခမ်းနားသက်ဝင်ဆဲ။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now