MHBTAS (20)

8.9K 781 174
                                    

Part (20) U

"ဆရာ ရန်ရှင်းရေ....လိုတာရှိမရှိ ကြည့်ခဲ့ဦးနော်....ဗိုလ်ကြီးက အားနာပြီး ထုတ်ပြောမှာ မဟုတ်ဘူး...."

မနက်စာ ထမင်းဝိုင်းမှာ ဖေကြီးနှင့် စားနေတုန်း မေကြီးက ဟင်းဘူးပြင်ရင်း ဦးဦးရန်ရှင်းကို မှာနေတာမို့ ဝမ်ဝမ် မျက်လုံးလေး မှိတ်ပြီး စိတ်ထဲကနေ ထောက်ခံနေမိသည်။

အားနာတာလိုလို...
မျိုသိပ်တာလိုလိုနှင့် ဂွစာကြီး...
မပြောပဲနေ ငတ်ပေါ့...ကောင်းတယ်...

အမြင်ကပ်ကပ်နှင့် ဆေးရုံမသွားဖြစ်တာ နှစ်ရက်ရှိပြီ။
မေကြီးတို့က ဘာမှမမေးလို့ တော်သေးသည်။

မနက်စာကို လတ်စသတ်ပြီး ကားစက်ဖုံးဖွင့်နေသည့် ဦးဦးရန်ရှင်း အလစ်မှာ ဆွဲခြင်းထဲကို 3+2 ဘီစကစ်ထုပ်တွေ ထည့်ထားလိုက်ပြီး မှင်သေသေနှင့် ဆင်ဝင်အောက်က ဒါန်းလေးမှာ ဝင်ထိုင်နေလိုက်သည်။

မျက်ဝန်းညိုများနှင့် နှုတ်ခမ်းပါးအောက်က မှဲ့နက်လေးကို မတွေ့ရသည့် နေ့ရက်များက ဟာတာတာနှင့် အဓိပ္ပါယ် မဲ့လှသည်။

တစ်ညတာ ခိုဝင်မှေးစက်ခဲ့ဖူးသည့် ရင်ခွင်နွေးနွေးနှင့် အလိုလိုက်ဟန် အပြုံးသဲ့သဲ့များကို မြင်ယောင်တိုင်း ရင်ခုန်ကြည်နူးရခြင်းတွေက....

စိတ်ကစားတဲ့အရွယ်မို့ စိတ်လှုပ်ရှားမိတာ ဆိုသည့် တစ်ဖက်သတ် မှတ်ချက်များအောက်မှာ အလဲလဲအပြိုပြို။

Bang...Bang....Bang....

"ဖန်ရှင်း....ပြော...."

"အောင်စာရင်း သိရပြီကွ....ငါတို့ သုံးယောက်လုံး အောင်တယ်..."

"မင်း...ဘေဂျင်း ပြန်ရောက်နေတာလား..."

"ဘယ်ကသာ...လေးလေး လှမ်းပြောလို့ သိရတာ...မင်းအသံကလည်း အားမရှိလိုက်တာ...စာမေးပွဲအောင်တာ မပျော်သလိုနဲ့...."

"ပျော်တယ်ဆိုပြီး ထကနေရမလားကွ...နောက်နှစ်ဆို ဂုဏ်ထူးတန်းခွဲတော့မှာ ကြိုတွေးမိလို့...."

မုသားမပါ လင်္ကာမချောမို့ ပါးစပ်ထဲရှိရာ ပြောရင်းက သက်ပြင်းခိုးချမိသည်။

"မင်းလည်း ပျောက်တယ်နော်....မိဘအိမ်ပြန်ရင်း အိမ်ထောင်များ ကျနေပြီလား လို့...."

My Heart Belongs To A Soldier_Completed [ Z&U ]Donde viven las historias. Descúbrelo ahora