Luggage တစ်ယောက်တစ်လုံးဆီဆွဲကာ လက်ချင်းချိတ်ပြီး လေယာဥ်ပေါ်ကဆင်းလာကာ သူတို့ကို လာကြိုမဲ့သူတေကို လိုက်ရှာနေကြတယ်.......
" သားငယ်လေး "
" မေမေ အန်တီငယ် အန်တီလတ်.... "
သူတို့ကို လာကြိုတဲ့သူတေကိုလဲ တွေ့ရော ကောင်လေးက ဘေးက ကောင်မလေးလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ အနားကိုသွားလိုက်တယ်.......
သူတို့ 2ယောက် အနားကို သွားတော့ မေမေတို့က နားမလည်သလိုနဲ့ ကြည့်နေတာကြောင့်......
" အာ.....မေမေတို့ ဒါသားကောင်မလေး Sandeeတဲ့ "
သူကမိတ်ဆက်ပေးတော့ ကောင်မလေးကလဲ လက်အုပ်လေးချီကာ အရိုအသေပေးပြီး
" မင်္ဂလာပါ မေမေ အန်တီလတ် အန်တီငယ် "
ကောင်မလေးက တရိုတသေ နှုတ်ဆက်တာကြောင့် သူ့မေမေတို့ကလဲ ပြန်နှုတ်ဆက်ကြတယ်
" အန်တီငယ် သားအတွက် ကားကော "
" အိမ်မှာ ဝယ်ထားပြီးသား "
" တစ်ခါထဲတော့ ယူမလာဘူး Sandeeကို ပြန်လိုက်ပို့ရအောင် "
" ရပါတယ် ကိုရဲ့ San taxi ငှားပြီးပဲ ပြန်လိုက်ပါမယ် "
" မဟုတ်တာ သမီးလေးရယ် သမီးလေးနေတဲ့ နေရာကို အန်တီတို့ ပြန်လိုက်ပို့ပေးမှာပေါ့ လာ သွားကြရအောင် "
သူတို့လဲ ကောင်မလေးအိမ်ကို ပြန်လိုက်ပို့ပေးကြပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်....
အိမ်ရောက်တော့ ကောင်လေးက သူ့မေမေတို့ကို ဖက်ကာ အဝနှုတ်ဆက်ပြီး......
" အန်တီငယ် သားကို ကားသော့ပေး "
" ဘယ်သွားမို့လဲ သားငယ်လေးရဲ့ "
" ဒီကို ပြန်ရောက်ရင် ပထမဆုံးသွားမယ်ဆိုတဲ့နေရာလေးကို သွားချင်လို့ "
" လမ်းတေကော သေချာမှတ်မိရဲ့လား "
" မှတ်မိပါတယ် အန်တီငယ်ရဲ့ "
ကောင်လေးလဲ အန်တီငယ့်ဆီက ကားသော့တောင်းကာ သူ့အတွက်ဝယ်ပေးထားတဲ့ ကားကိုမောင်းပြီး ဟိုးအရင်က ပြန်တွေ့ကြမယ်လို့ပြောထားတဲ့ ကောင်လေးရှိမဲ့ နေရာလေးဆီ လာခဲ့လိုက်တယ်.......
YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......