Part 10

220 25 23
                                    

" အကိုကြီးရေ.....  အကိုကြီး..... "

Off ရုံးခန်းထဲမှာ ဧည့်သည်နဲ့ အလုပ်အကြောင်းပြောနေတုန်း သူ့ကိုအသံဆာဆာနဲ့ခေါ်ပြီး ဝင်လာတဲ့ Gunကြောင့် နေရာမှထကာ......

" Gunလေး ဘယ်လိုရောက်လာတာလဲ "

" နေ့လည်စာလိုက်ဝယ်ကျွေးခိုင်းမို့ "

" အင်း ဒါဆိုခနစောင့်ပေးနော် ကိုယ်အလုပ်အကြောင်းနဲနဲပြောလိုက်အုံးမယ် "

Gunလဲ ဆိုဖာပေါ်မှာထိုင်ရင်း သူ့ကိုမဲ့ရွဲ့ကြည့်နေတဲ့ ကောင်မလေးကို လှမ်းကြည့်ကာ...

" နောက်မှ ဆက်ပြောပါလား ကျနော်ဗိုက်ဆာပြီ "

" ခနလေးပဲလေ Gunရဲ့ "

" ဟာ.....မရပါဘူး အကိုကြီးနော်  "

GunကOffလက်မောင်းကိုကိုင်ကာပြောတော့Offဘေးမှာထိုင်နေတဲ့ ကောင်မလေးက

"  ဒီမှာကောင်လေး မင်းအကိုက မင်းကိုခနလေးပဲစောင့်လို့ပြောနေတာလေ အခုအလုပ်လုပ်နေတာမင်းနားမလည်ဘူးလား "

Gunလဲ သူ့ကိုဆရာကြီးလာလုပ်နေတဲ့ကောင်မလေးကို အမြင်ကပ်တာနဲ့ Offပေါင်ပေါ်ဘေးတစောင်းထိုင်ချရင်း အမျိုးသမီးမျက်နှာကိုစေ့စေ့ကြည့်ကာ...

" အန်တီဗျ အန်တီက ဘယ်သူမလို့ ကျနော့်ကိုလာပြီး ဆရာလုပ်နေတာလဲ "

" ဘာ.....အန်တီဟုတ်လား ဒို့က....P Offထက်တောင်ငယ်သေးတာ ဘာကိစ္စအန်တီဖြစ်ရမှာလဲ "

" P Offထက်ငယ်လဲ ရုပ်ကအဖွားအိုရုပ်ပေါက်နေတာလေ အဖွားလို့မခေါ်ဘဲ အန်တီလို့ခေါ်တာပဲကံကောင်းတယ်မှတ်ပါ "
(ဟယ်😅)

" ဘာ မင်း မလောက်လေးမလောက်စားနဲ့ငါ့ကိုပြန်ပြောနေတယ်ပေါ့လေ "

" ပြန်ပြောတော့ ဘာဖြစ်ချင်လဲ အလုပ်စကားပြောတာနဲနဲ ကျနော့်အကိုကြီးကိုကပ်ချင်တာကများများနဲ့ မိန်းမတန်မဲ့အရှက်ကိုမရှိဘူး "

Gunပြောလိုက်တေ့ာ ကောင်မလေးက Gunစကားကြောင့် ဆွေ့ဆွေ့ခုန်ကာ နေရာမှထပြီး...

" P Off ဒီမလောက်လေးမလောက်စားလေးကို ဘာမှမပြောတော့ဘူးလား တဖြည်းဖြည်းနဲ့ကျမသိက္ခာကိုပါ ထိပါးလာပြီနော် "

Smile And Lose Where stories live. Discover now