" ကျနော် ရီးစားထားလို့ရလား...... "
ထမင်းစားပွဲမှာ လူစုံတက်စုံရှိနေတုန်း မေးလိုက်တဲ့Tayအမေးကြောင့် Newအပါအဝင်အကုန်လုံးက မျက်လုံးအပြူးသားနဲ့ Tayကိုကြည့်နေကြတယ် ........
" ဘာလို့အဲ့လောက် အံ့သြနေကြတာတုန်း ကျနော်က အားလုံးဆီကခွင့်ပြုချက်တောင်းရုံပါ..... "
Tayအန်တီငယ်က Tayလက်ကိုလှမ်းကိုင်ပြီး
" ဘာလို့ မရရမှာလဲ သိပ်ရတာပေါ့ သားငယ်သဘော သားငယ်ပျော်နေဖို့ အဓိကပဲ....... "
" ကျေးဇူးပါ အန်တီငယ် မေမေကော ဘယ်လိုသဘောရလဲ........ "
" သားသဘောပါ သားပျော််မယ် စိတ်ချမ်းသာမယ်ထင်ရင် မေမေတို့က ခွင့်ပြုပြီးသား...... "
" ဟုတ်...... ကျနော်ချစ်တဲ့သူက ယောကျာ်း မိန်းမ ဘယ်သူပဲဖြစ်နေပါစေ ကျနော့်ကိုနားလည်ပေးရမယ်နော်...... "
Tayက Newကိုကြည့်ကာပြောတော့ Newလဲ ကြောက်ကြောက်နဲ့မျက်နှာလွှဲလိုက်တယ်.....
' P Tayဟာလေ လူကြီးတွေရှိနေတာကို ဘာလို့အဲ့လောက်စိုက်ကြည့်ပြီးပြောနေရတာလဲ မသိဘူး '
မနက်စာစားသောက်ပြီးတာနဲ့ Tayလဲ Newနဲ့တူတူ Newအိမ်ကို လာခဲ့လိုက်တယ်.....
" သားတို့လာပြီလား....... "
Newကသူ့မေမေကိုတွေ့တော့ပြေးဖက်ပြီး......
" သတိရနေတာ နေကောကောင်းရဲ့လား.... "
" အမယ်..... ဒီကလေးကတော့လေ မနေ့ကတစ်ရက်လေးပဲ အမေနဲ့ခွဲရတာကို ကဲနေလိုက်တာ "
" မေမေကလဲ...... "
" သား Tay မနက်စာစားပြီးပြီလား...... "
" ဟုတ် အန်တီ ကုမ္မဏီ သွားရမှာမို့အိမ်ကပဲ စားလာလိုက်တော့တယ် "
Newမေမေလဲဖက်ထားတာကိုမလွှတ်သေးတဲ့Newပါးလေးကိုဆွဲကာ....
" အမေကိုချွဲတာရပ်ပြီး အဝတ်သွားလဲတော့လေ သား Tayစောင့်နေတာကို "
" P Tayက..... အဲ့ ..... ceoက စောင့်နိုင်ပါတယ် မနေ့က သားကို အလုပ်တွေအများကြီးခိုင်းထားတာ "
" သားကလဲ အဲ့လိုမပြောရဘူးလေ...... "
" စတာပါ မေမေရဲ့...... P Tay အခန်းထဲ လိုက်အုံးမလား..... "
YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......