Offတစ်ယောက် မနက်ရောက်တာနဲ့ Gunကိုခေါ်ဖို့ Singအိမ်ကို သွားလိုက်တယ် .......
" အယ်..... P Off အစောကြီးရှိသေးတာ ရောက်နေပြီပေါ့ "
Sing အိမ်ပေါ်ထပ်ကဆင်းလာတော့ အိမ်ထဲဝင်လာတဲ့ Offကိုတွေ့တာနဲ့ မေးလိုက်တယ်.....
" အင်း.... ပေါက်စကော..... "
" ကျနော့်အခန်းထဲမှာ အိပ်နေတယ် ...... ကျနော် Kitလေးဆီ သွားလိုက်အုံးမယ်နော် "
Singက ကားသော့တရမ်းရမ်းနဲ့ ထွက်သွားတာကြောင့် Offလဲ အိမ်ပေါ်ထပ်ကိုတက်သွားလိုက်တယ်......
ကုတင်ပေါ်မှာ ကပြောင်းကပြန်နဲ့အိပ်နေတဲ့Gunက 15နှစ်သားလေးကျလို့ လူးလိမ့်ပြီးအိပ်ထားလိုက်တာ ဆံပင်တွေတောင်ထောင်လို့......
" ပေါက်စ...... ထတော့..... "
" .......... "
" ပေါက်စ..... ထတော့ဆို သူများအိမ်ကြီးမှာ.... "
" ဘာလဲ ဗျာ.... သူများအိမ်လဲ ခများအိမ်မှမဟုတ်တာ "
Offအသံကိုကြားလို့ နိုးလာတဲ့Gunက Offရဲ့ပထမအမေးကို မဖြေပေမဲ့ ဒုတိယအမေးကို ကန့်လန့်ပြန်ဖြေလိုက်တယ်.......
" ကိုယ်တို့အိမ်ပြန်ကြရအောင် ... "
" ပြန်လေ ခများဘာသာပြန် ..... "
" ဟမ်... အဲ့လိုမဟုတ်ဖူးလေ ကိုယ်ကGunကိုလာခေါ်တာ..... "
" ခေါ်မနေနဲ့ ကျနော်ခများနဲ့ လုံးဝပြန်မလိုက်ဖူး တအားတွေမှ ခေါ်ချင်နေတယ်ဆိုလဲ ခများသတို့သမီးလောင်းကိုသွားခေါ် "
" ဟား.... ပေါက်စက အခုကိုယ့်ကိုသဝန်တိုနေတာပဲ..... "
" ဘာကို သဝန်တိုရမှာလဲ "
Offတစ်ယောက် အသဲယားဖို့ကောင်းတဲ့ ပေါက်စရဲ့ခေါင်းလုံးလေးကို ဖွဖွလေးနမ်းလိုက်တယ်.....
" ဟွန့်...... သွားပါ ကျနော့်ကိုမချစ်ဖဲ လာနမ်းမနေနဲ့....... "
" ဟောဗျာ ကိုယ့်ညီလေးကို မချစ်ဖဲနေပါ့မလား ချစ်တာပေါ့..... "
" ညီလေး..... အဟက် ..... သိပ်ဟုတ်တာပေါ့ ကျနော်က ခများညီလေးလေ....... "
" ပေါက်စကလဲ ကိုယ်ကချစ်လို့စတာပါ ကိုယ်ပေါက်စကို ဘယ်လောက်ချစ်လဲဆိုတာ ပေါက်စအသိဆုံးပဲလေ "
YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......