Part 36

163 9 2
                                    

အဲ့ကိစ္စဖြစ်ပြီးသွားတာ တစ်လလောက်တောင်ရှိရောပေါ့...........

လက်မှာပတ်တီးစည်းထားရတဲ့ Tayက Newပြုစုတာခံချင်လို့ တမင် နာချင်ဟန်ဆောင်နေလဲ Newက မငြိုငြင်ပဲအကုန်လုပ်ပေးတယ်.......

တစ်ခါတစ်လေများ အကြည့်ချင်းဆုံမိရင် Newကို မေးပစ်လိုက်ချင်တယ် ' ဘာကြောင့်ကိုယ့်ချစ်သူနားလေးမှာ ရှိနေရက်နဲ့ ချစ်သူလို့မခံစားရမှာလဲ ' လို့......

Newပြောခဲ့တဲ့စကားကြောင့် ကျနော် Newကို နဲနဲတော့ စိတ်ခုမိတယ် ' P Tay အကိုနဲ့ကျနော် ceoနဲ့ဝန်ထမ်းဆိုတဲ့ အဆင့်မှာပဲနေကြရအောင် ' တဲ့လေ......

ကျနော်အဲ့စကားကို ကြားတုန်းကဆို ကိုယ့်နားကိုတောင်မယုံချင်ဘူး ဒါပေမဲ့လဲ Newက သူ့ကိုသိပ်ချစ်ရက်နဲ့ ဒီစကားပြောတယ်ဆိုတော့ အကြောင်းတစ်စုံတစ်ရာရှိမှာပါဆိုပြီး ' အင်း Newသဘော ' လို့ပဲ ပြန်ပြောခဲ့လိုက်တယ်......

ဒီရက်ပိုင်းတွေမှာ Newက မပြုံးတော့တာကို သတိထားမိတယ် အကြောင်းအရင်းကတော့တစ်ခုထဲပါပဲ သူ့အဒေါ်ကြောင့်ပေါ့.......

ကျနော်လဲ Newကဝင်မပါနဲ့လို့ တားထားပေမဲ့ Newကိုစိတ်ပူတာမို့ အဲ့ကိစ္စမှာ ဝင်ပါဖို့ဆုံးဖြတ်ထားတယ်.......

Tayတစ်ယောက် အလုပ်လုပ်နေရင်း Phလာတာကြောင့်ကိုင်လိုက်ပြီး ဖုန်းပြောလိုက်တယ်......

ဖုန်းပြောပြီးသွားတော့ နေရာက ထပြီး.....

" New ကိုယ် အရေးတကြီး သွားစရာရှိလို့ သွားအုံးမယ် နော်..... "

Newလဲ အလောတကြီးထသွားတဲ့ Tayနောက်ကိုလိုက်သွားပြီး.....

" လက်မှာ ပတ်တီးနဲ့လေ ဘယ်သွားမှာလဲ ကျနော်လိုက်ပို့ပေးမယ် "

" Aliceလာခေါ်မှာ ...... ကိုယ်သွားပြီ "

Tayထွက်သွားတော့ Newလဲနေရာမှာ ထိုင်လိုက်တယ်.........

အခုရက်ပိုင်း ကိုကိုက P Aliceနဲ့ခနတိုင်းဆိုသလိုအပြင်သွားတယ် သွားတိုင်းလည်း 3နာရီကျော်ကြာတယ် ကိုကိုဘာအရှူပ်တွေ လုပ်နေလဲမသိဘူး လက်ကပတ်တီးမဖြည်ရသေးတာကို မေ့နေပုံပဲ .......

***************

" ဒီနေရာက အတိအကျပဲလား "

Tay သွားရမဲ့နေရာရောက်တော့ ကားပေါ်ကဆင်းရင်း Aliceကိုမေးလိုက်တယ်......

Smile And Lose Where stories live. Discover now