Tay ရေချိုးနေတာကြောင့် Newလဲ အခန်းထဲကိုလှည့်ပတ်ကာ စပ်စုလိုက်တယ်........
Wow..... P Tay အခန်းနံရံမှာ ချိတ်ထားတဲ့ ပန်းချီကားတွေက အရမ်းမိုက်တာပဲ.....
New ပန်းချီကားတွေကြည့်ရင်း လူတစ်ရပ်စာရှိတဲ့ စားပွဲခုံအမြင့်ကြီးဆီအကြည့်ရောက်မိပြန်တော့ စားပွဲပေါ်ထောင်တားတဲ့ ဓာတ်ပုံလေးတွေကိုတွေ့တယ်.....
P Tay ငယ်ငယ်က ပုံတွေဖြစ််မယ် ချစ်စရာလေးတွေ....
New ပုံတွေကြည့်နေရင်း ဓာတ်ပုံထဲက ကင်မရာလေးကိုလွယ်ထားတဲ့ Tay ပုံကိုသေချာစိုက်ကြည့်နေမိတယ်.....
ဒီမျက်နှာကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ
Newလဲ ရင်းနှီးတဲ့ မျက်နှာလေးကြောင့် တခြားပုံတွေကို ထပ်ပြီးလိုက်ကြည့်လိုက်တယ် ......
မြင်ဖူးတာ သေချာပေမဲ့ ဘယ်မှာမြင်ဖူးလဲဆိုတာ မမှတ်မိဘူး မဟုတ်မှ ကိုကို.......
New ပုံလေးကိုသေချာကြည့်ကာ တွေးနေတုန်း ရုတ်တရက် ပခုံးပေါ် ရောက်လာတဲ့ အေးစက်စက် လက်တစ်ဖက်ကြောင့် လန့်ပြီးနောက်လှည့်ကြည့်လိုက်တယ်....
" P Tay..... "
" ကိုယ်ငယ်ငယ်က ဓာတ်ပုံတွေက အဲ့လောက်စိတ်ဝင်စားစရာကောင်းလား "
" တစ်နေရာရာမှာ မြင်ဖူးသလိုရှိနေတာမို့ ကြည့်ကြည့်တာ P Tayနဲ့ ကျနော် ငယ်ငယ်က ဆုံဖူးကြလား "
" New တွက် ကိုယ်ရေနွေးစပ်ပေးထားတယ် သွားချိုးတော့လေ "
" ဟုတ်... "
Tayလဲ Newကိုယ်တိုင်က သူ့ကိုမှတ်မိတာ လိုချင်တာမို့ Newမေးခွန်းကို ဖြေစရာမလိုအောင် သူ့အနားက ပထုတ်လိုက်တယ်........
Tay အဝတ်ဗီဒိုဆီသွားကာ 10နှစ်အရွယ်တုန်းက သူရေးခဲ့တဲ့ ဒိုင်ယာရီစာအုပ်လေးကို ထုတ်ပြီး စာအုပ်ကြားထဲက ဓာတ်ပုံလေးကို ယူလိုက်တယ်
ဒီပုံလေးက မင်းကိုယ့်ကိုမှတ်မိဖို့အထောက်ကူဖြစ်ရင်သိပ်ကောင်းမှာပဲ ကောင်လေးရယ်......
" P Tay ရေ..... P Tay ....... "
Tayလဲ New ခေါ်သံကြားတာကြောင့် ရေချိုးခန်းဆီသွားလိုက်ပြီး.....
YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......