ကော်ဖီဆိုင်ပိတ်ပြီးတာနဲ့ Newလဲ ဆိုင်ရှင်အကိုနဲ့အတူ Gunအိမ်ကိုလာခဲ့လိုက်တယ်....
အိမ်ရှေ့ရောက်တော့ Newကားပေါ်က မဆင်းခင်
" အကို့ကို ကျနော် အနှောင့်အယှက်ပေးမိသွားတယ် နောက်တောင်ကျနေပြီ ပြန်ရဲရဲ့လား "
" ပြန်ရဲပါတယ် Newရဲ့ အကိုကယောကျာ်းလေးကို ဘာတွေ လာစိတ်ပူနေတာလဲ "
" အကိုက ရုပ်ချောချောလေးနဲ့ မိန်းကလေးဆန်တော့ တခြားလူဆိုးကောင်တွေ လာဆွဲမှာကိုစိတ်ပူရတာပေါ့ "
" ဒီကောင်လေး အကိုကို စမနေနဲ့တော့ ဟိုမှာမင်းသူငယ်ချင်းစောင့်နေပြီမလား ဆင်းတော့ "
" တစ်ယောက်ထဲ ပြန်ရဲတာ သေချာပါတယ်နော် "
" New မင်း လက်သီးစာမိချင်နေပြီလား "
" ဟား စတာပါအကိုရယ် ဒါဆိုကျနော်သွားတော့မယ်နော် ကားကို ဂရုစိုက်မောင်းပါ "
" အေးပါ မနက်ကျတွေ့မယ်နော် "
" ဟုတ် "
ဆိုင်ရှင်အကိုရဲ့ကားထွက်သွားတာနဲ့ခြံရှေ့မှာသူ့ကိုစောင့်နေတဲ့Gunဆီသွားလိုက်တယ်.....
" Gun စောင့်နေတာကြာပြီလား "
" ကြာပြီပေါ့ မင်းကကားရပ်နေတာတောင်တော်တော်နဲ့မှဆင်းမလာတာ "
" sorry ပါကွာ "
" Newငါမင်းကိုမေးချင်တာလေးရှိတယ် မေးလို့ရမလား "
" မေးမှာမေးပါ စကားအပိုတွေ လာပြောမနေနဲ့ "
" အကိုနဲ့မင်းနဲ့က အရမ်းရင်းနှီးနေကြသလိုပဲနော်မင်းနဲ့သူတစ်ခုခုများ ပက်သတ်နေကြတာလား "
" ဘာကို ပက်သတ်ရမှာလဲ Gunရယ် ငါတို့ကဒီတိုင်းရိုးရိုးသားသား ခင်ကြတာပါ "
" ဒါဆို အကိုနဲ့ငါနဲ့ဆို ဘယ်သူ့ကို ပိုခင်လဲ "
" တူတူပဲ ခင်တာပေါ့ "
" ဒါပေမဲ့ မင်းကအကိုနဲ့ဆို ပြုံးနေသလိုပဲ "
2ယောက်သား စကားတပြောပြောနဲ့သွားရင်းအခန်းဆီရောက်တော့ Newကလက်ထဲကအိတ်ကိုပစ်ချပြီး ရေချိုးခန်းဆီဦးတည်ကာ ....
YOU ARE READING
Smile And Lose
Fanficမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......