' ဒေါက် ဒေါက် ဒေါက် '
Offတစ်ယောက် Gunကို နှိုးဖို့ အခန်းတံခါးခေါက်ပြီး အခန်းထဲကို ဝင်သွားလိုက်တယ်......
Gunက မနက် 11နာရီတောင် ရှိနေပြီကို မထသေးဘူး မနေ့ကလဲ သူ့အမကိစ္စပြီးလို့ ဘုန်းကြီးကျောင်းက ပြန်လာထဲက အခန်းထဲ ဝင်သွားပြီး အိပ်နေတာ ညစာလဲမစားဘူး.....
Offလဲ Gunအိပ်နေတဲ့ဘေးကို သွားလိုက်ပြီး
" ပေါက်စ.... ပေါက်စ....ခနထပါအုံး "
Gunလဲ Offအသံကြားတော့ မထချင်ထချင်နဲ့ ထထိုင်လိုက်ပြီး
" ဘာလဲဗျာ..... "
" 11နာရီတောင်ထိုးနေပြီ ထပြီး ထမင်းလေး ဘာလေး စားပါလား မနေ့ညကလဲ ဘာမှစားမထားဘူးလေ "
" မစားချင်ဘူးဗျာ ကျနော် အိပ်ချင်သေးတယ် "
" အိပ်တာက ပြီးမှ ထပ်အိပ်လို့ရတာပဲဟာ ခနလေးပဲ ထပြီး စားလိုက်ပါနော် "
" ခများ ထွက်သွား "
" ဟမ်..... "
" ကျနော် အိပ်မလို့ ခများထွက်သွားပေးလို့ "
" ပေါက်စရယ် ကိုယ်..... "
" ခများကို ထွက်သွားလို့ ပြောတာနားမလည်ဘူးလား အကိုကြီး "
" ကိုယ်က ပေါက်စကို စိတ်ပူလို့ပါ ပြီးတော့.... "
" မသွားသေးဘူးလား...... "
" ကိုယ်ပြောတာ ခနနားထောင်ပေး.... "
" မြန်မြန်ပြောပြီး မြန်မြန်ထွက်.... "
" Newက မနက်ထဲကရောက်နေတာ သူလဲ မနက်စာမစားရသေးဘူး "
" ဘာလို့ သူ့ကို ကျနော့်ဆီမလာခိုင်းတာလဲ "
" ပေါက်စအိပ်နေတာကို အနှောင့်အယှက် မပေးချင်လို့တဲ့ အောက်မှာပဲ စောင့်နေတာ "
" Newကို မနက်စာ စားခိုင်းပြီး ကျနော့်ဆီ လာခိုင်းလိုက်လေ "
" ကိုယ်တို့ကျွေးပါတယ် Newက ပေါက်စ မစားရင် သူလဲ မစားဘူးဆိုလို့ "
" Newကတော့လေ ကျနော့်ကို စိတ်ပူအောင် အရမ်းလုပ်တာပဲ "
" ပေါက်စလဲ အားလုံးကို စိတ်ပူအောင် လုပ်တာပဲလေ "
YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......