Singလဲ Newတွက် အဝတ်ရွေးပေးနေရင်း သူ့ရှေ့ကလူကမေးလာတော့ မျက်နှာကိုတစ်ချက်ကြည့်လိုက်တယ် ' ကိုယ်နဲ့အသိလားလို့ '
အရှေ့က သူ့ကိုလာနှုတ်ဆက်တဲ့သူကို မြင်ဖူးသလိုရှိပေမဲ့ ဘယ်သူဘယ်ဝါမှန်းမသိတာကြောင့်ကိုယ့်ဘာသာ လက်ညှိုးပြန်ထိုးကာ...
" ကျနော့်ကို သိတာလား "
Tayလဲ မနေ့တစ်နေ့ကမှ သူ့ကိုယ်သူAliceမောင်ပါလို့ နှုတ်ဆက်သွားတဲ့ကောင်လေးက သူ့ကိုမသိသလို မေးလာတာကြောင့် ......
" ကောင်လေးက ကိုယ့်ကိုမမှတ်မိဘူးလား "
" sorryဗျာ ကျနော်က ဘန်ကောက်မှာ မနေတာ 3နှစ်လောက်ရှိနေပြီဆိုတော့ ဟိုးအရင်ကခင်ခဲ့တဲ့သူတွေကို သိပ်ပြီးမမှတ်မိဘူးရယ် "
" ကိုယ်နဲ့မင်း မနေ့ကပဲ တွေ့ခဲ့ကြသေးတယ်လေ "
" ခနနော် ကျနော်စဉ်းစားကြည့်အုံးမယ် ခများဝတ်စုံရွေးမှာဆို သွားရွေးလေ ပြီးမှကျနော်တို့စကားဆက်ကြတာပေါ့ "
" အင်း..... "
Tayထွက်သွားတော့ Singလဲ ကိုယ့်နားထင်ကိုယ်လက်နဲ့ထောက်ပြီး စဉ်းစားလိုက်တယ်......
မနေ့က တွေ့ခဲ့တယ်ဆိုတော့ P Off ကုမ္မဏီမှာလား မဖြစ်နိုင်ဘူး....
ကော်ဖီဆိုင်မှာရော ဒါလဲမဖြစ်နိုင်ဘူး ကော်ဖီဆိုင်မှာ ငါစကားပြောခဲ့တဲ့သူက P Kristအပြင်တခြားတစ်ယောက်မရှိဘူး.....
New တို့ ကုမ္မဏီမှာထင်တယ် ဘယ်သူများလဲ ......ဘယ်သူများလဲ စဉ်းစားစမ်း......Singလဲ စဉ်းစားရင်းမှတ်မိသွားတာကြောင့် လက်ဖြောက်တစ်ချက်တီးလိုက်ပြီး.....
မှတ်မိပြီ သူကNewတို့ကုမ္မဏီက မန်နေဂျာ အကိုဖြစ်မယ် မနေ့က သူ့ကို Ceoရုံးခန်းဘယ်မှာလဲ ဆိုပြီး မေးခဲ့သေးတာ......
( လွဲနေလိုက်)Sing အစောက လူကိုလှမ်းကြည့်တော့ ဝတ်စုံကိုဂရုတစိုက်ရွေးနေတာကြောင့် သူလဲNewတွက်ရွေးထားတဲ့တစ်စုံယူကာ ဝန်ထမ်းကောင်မလေးကို ထည့်ခိုင်းလိုက်တယ်....
Tayလဲ ဝတ်စုံစိတ်ကြိုက်ရွေးပြီး သဘောကျတာတွေ့တာနဲ့ ယူလိုက်တယ် ....
Tayဝတ်စုံဝယ်ပြီး ပြန်လာတော့ ကောင်လေးကအစောကနေရာမှာပဲ ရပ်ပြီးသူ့ကိုစောင့်နေတယ်.......
YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......