" မင်္ဂလာပါရှင့် ကြိုပြီး booking ယူထားသေးလား ရှင့်.... "
" မ ယူထားပါဘူး ဒီတိုင်း ရိုးရိုးရှင်းရှင်း Dinnerလေးပဲ ပြင်ပေးပါ "
New hotelရဲ့စားသောက်ခန်းထဲကို ဝင်လာတာနဲ့ ဝန်ထမ်းကောင်မလေးက ကြိုပြီးမေးတာမို့ဖြေလိုက်တယ်......
" Khun New..... ဟုတ်ပါတယ် နော်...... "
New နေရာမှာသွားထိုင်ပြန်တော့လဲ ဝန်ထမ်းကောင်မလေးက သူ့နာမည်ကို လာမေးနေပြန်တယ်.......
" ကျနော်က ညစာပဲစားမှာဗျ နာမည်စာရင်းလဲပေးရတာပဲလား..... "
" မဟုတ်တာ...... ကျမတို့က သေချာအောင်မေးကြည့်ရုံပါ..... "
" ကျနော်မှာထားတာကို cancelလုပ်လို့ရတယ်ဆို ကျနော် ပြန်လိုက်မယ်..... "
" စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လို့ တောင်းပန်ပါတယ်..... "
ဝန်ထမ်းကောင်မလေး ထွက်သွားတာနဲ့ Newလဲနောက်ကနေ မျက်စောင်းထိုးလိုက်တယ် တကယ်ပဲ သူမက စပ်စုနိုင်လွန်းတယ်....
New တခြားစားပွဲတွေဆီအကြည့်ပို့မိပြန်တော့ ဘေးစားပွဲတွေမှာ စားသုံးသူတွေလဲတစ်ယောက်မှ ရှိမနေဘူး နဲနဲတော့ထူးဆန်းသလိုပဲ........
သူ ကိုကို့ကို တွေ့ချင်လို့သာ ဒီကို လိုက်လာတာ ကိုကိုကလဲ ဒီမှာရှိမနေဘူး ......
" Huuuuu...... စိတ်တိုဖို့ကောင်းလိုက်တာ "
Newတွေးနေတုန်းရှိသေး ဆိုင်ထဲက မီးတွေကမှောင်ကျသွားတယ် Newဖုန်းမီးကို ချက်ချင်းပဲဖွင့်လိုက်တယ် သူအမှောင်ကိုကြောက်လို့တော့မဟုတ်ဖူး အမှောင်ကြောက်တဲ့သူကိုသတိရမိသွားလို့......
New သူ့ရှေ့က ရွှေရောင်ဆံပင်တွေနဲ့ ဂါဝန်အဖြူလေးဝတ်ထားတဲ့ကောင်မလေးကို ရုတ်တရက်တွေ့လိုက်တော့ လန့်သွားတယ်.....
" ချီးးးး..... သရဲလား...... "
" မင်္ဂလာပါ Khun New..... "
" အာ...... လူလား Khunက...... "
" ကျမက သရဲနဲ့တူနေလို့လား...... "
" အမှောင်ထဲမှာဆိုတော့ မတူဘဲနေမလား...... ဒါနဲ့ Khunက ဘယ်သူများလဲ...... "
YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......