Part 6

204 29 12
                                    

Tayတစ်ယောက် သူအရမ်းရင်းနှီးတဲ့ အရုပ်လေးနဲ့ သော့ချိတ်ကို ကျောပိုးအိတ်မှာ တပ်ပြီး သူ့ရှေ့က သွားနေတဲ့ ကောင်လေးနောက်ကို အပြေးလိုက်သွားလိုက်တယ်......

ဂျင်းဘောင်းဘီနက်ပြာရောင်နဲ့ ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားတဲ့ ကောင်လေးက မျက်နှာမမြင်ရဘဲ ကျောပြင်သာမြင်ရပေမဲ့ သူနဲ့ခန္ဓာကိုယ်အရွယ်အစား တူတူလောက်ပဲ......

Tayလဲ ကောင်လေးနောက်ကိုပြေးလိုက်နေရင်း ငယ်ငယ်က တွေ့ခဲ့တဲ့ ကောင်လေးကို သတိရကာ အဲ့ကောင်လေးများ ဖြစ်နေမလားဆိုတဲ့ ထင်မြင်ချက်နဲ့ ' ကောင်လေး ကောင်လေး ' လို့ ရေရွတ်ကာ ပြေးလိုက်သွားတယ်....

နောက်ကဆက်လိုက်နေတုန်း ကောင်လေးက သူ့ရှေ့မှာ ကျောပေးပြီးရပ်လိုက်တာကြောင့် အရမ်းပျော်သွားပြီး ' နောက်ဆုံးတော့ ငါတွေ့ချင်တဲ့ မင်းရဲ့မျက်နှာကို တွေ့ခွင့်ရပြီ '

Tayက ပြောပြီး ကောင်လေးပခုံးကိုကိုင်လိုက်ပြီး သူ့ဘက်ကို ဆွဲလှည့်မို့လုပ်လိုက်တော့ ကောင်လေးက ပျောက်သွားတယ်.....

Tayလဲ သူ့ရှေ့မှာ ရပ်နေတဲ့ ကောင်လေးက ရုတ်တရက် ပျောက်သွားတာကြောင့် ကောင်လေးကို အော်ခေါ်နေလိုက်တယ်....

" ကောင်လေး ကောင်လေး "

" သားလေး သတိရလာပြီ "

Tayတစ်ယောက် သူ့မေမေကိုတွေ့တော့ အိပ်နေရာကနေ ထထိုင်လိုက်တယ် ထထိုင်ရင်း လက်ကဒါဏ်ရာတွေကို သတိမထားမိဘဲ ကုတင်ပေါ် လက်ထောက်လိုက်တာကြောင့်......

" အ့....မေမေ "

" သားလေး ဖြေးဖြေးထလေ ကွယ် "

" မေမေ သားအခု ဆေးရုံရောက်နေတာလား "

Tayတစ်ယောက် သူ့အမေကို မေးရင်း ဦးနှောက်ကို အလုပ်ပေးလိုက်တော့ accident ကိစ္စကို သတိရသွားတာကြောင့် ချက်ချင်းပဲ စိုးရိမ်တကြီးနဲ့ သူ့အမေလက်ကို ဆွဲကိုင်ကာ

" မေမေ Sandee ကောဟင်.......
သူမအဆင်ပြေရဲ့လား.........
ဘာမှမဖြစ်ဖူးမလား.........
Sandee သက်သာရဲ့လား ........
သူမအခု ဘယ်အခန်းမှာလဲ သားသွားကြည့်ချင်တယ်...... "

Tayမေမေလဲ သူ့ကောင်မလေးကို စိုးရိမ်တကြီး မေးနေတဲ့ သူမရဲ့သားကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားပြီး

Smile And Lose Where stories live. Discover now