ကျနော်နဲ့ New တစ်ယောက်ကိုတစ်ယောက်သိသွားကြတဲ့အချိန်ကစပြီး Newက ကျနော့်ကို ကတိတစ်ခုပေးခဲ့တယ်.....
' အကို လိုအပ်တဲ့အချိန်တိုင်း ဘေးမှာကျနော်အမြဲရှိနေပေးမယ် 'တဲ့ ........
အရမ်းမပြုံးပါနဲ့လား ကောင်လေးရယ် မင်းဒီလိုပြုံးနေပုံနဲ့တော့ ကုမ္မဏီမှာရှိသမျှဝန်ထမ်းကောင်မလေးတွေအကုန်လုံး မင်းဘက်ကို မြှားဦးလှည့်လာကြလိမ့်မယ်........
Tayတစ်ယောက် ဝန်ထမ်းတွေနဲ့အလုပ်အကြောင်းပြောရင်း ပြုံးနေတဲ့ Newကို ကြည့်ရင်းတိုးတိုးလေးစကားဆိုမိတယ်.......
" Ceo ဗျ မနက်ဖြန်ကုမ္မဏီနှစ်ပတ်လည်ပွဲကို ဖိတ်ရမဲ့ ဧည့်သည်စာရင်း ထပ်ထည့်ချင်သေးလား "
သူ့အနားကို ဘယ်ချိန်ရောက်လာမှန်းမသိတဲ့ Newကမေးတာကြောင့် Tayလဲ Newကိုမော့ကြည့်ပြီး.....
" New ပေးတဲ့စာရင်းထဲက လုပ်ငန်းရှင်တွေကအကုန်ပဲမလား Newဖိတ်ချင်တဲ့သူများရှိသေးလား "
" မရှိပါဘူး Ceo ဖိတ်ချင်တဲ့သူတွေကျန်နေခဲ့မှာစိုးလို့ပါ "
" ကိုယ်ဖိတ်ချင်တဲ့တစ်ယောက်တော့ရှိတယ် Newက ဖိတ်ခွင့်ပြုပါ့မလား "
" ဘယ်သူများလဲ "
" အန်တီလေ အန်တီ့ကိုလဲ လာစေချင်တယ် "
" ပြောရတာအားနာပေမဲ့ မေမေကမနက်ဖြန် ဆေးစစ်ရမဲ့ရက်မို့ လာလို့မရလောက်ဖူး "
" ဟုတ်လား...... ရပါတယ် နောက်ပွဲတွေ ရှိလာအုံးမှာပဲ..... "
Newလဲ Tayနားနားကိုကပ်ကာ......
" Ceo မင်္ဂလာပွဲဆိုရင်တော့ မေမေက ဆေးစစ်ရမဲ့ရက်ကို ဖျက်ပြီးတက်ပေးလောက်မှာ...... "
Newစကားကြောင့် Tay တစ်ယောက် Sannကိုသတိရသွားပြီး မျက်နှာလေး ငြှိုးကျသွားတာကို Newက ဘေးတိုက်မို့ သတိမထားမိလောက်ဖူး.....
သူ့ဘဝမှာ Sannကလွဲရင် တခြားဘယ်သူနဲ့မှ လက်ထပ်ပွဲလုပ်ဖို့ စိတ်ကူးမရှိတော့ဘူး Sannကလွဲပြီးတခြားဘယ်သူ့ကိုမှလဲ ထပ်ချစ်တော့မှာ မဟုတ်ဖူး........
Newလဲ သူ့ကိုစကားပြန်မပြောလာတဲ့ Tayကြောင့် Tayမျက်နှာကို ရှေ့တည့်တည့်က ကြည့်လိုက်တော့ မျက်ရည်လေးတွေရစ်ဝိုင်းလို့ .....
YOU ARE READING
Smile And Lose
Fiksi Penggemarမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......