Part 32

159 13 31
                                    

" သားမေမေကို အန်တီတို့နဲ့ နိုင်ငံခြားကို ခေါ်သွားမို့ ဟိုမှာ ကျောက်ကပ်အစားထိုးကုတာက မြန်မယ်ထင်တယ် "

" ကောင်းတာပေါ့ အစားထိုးကုသမှုသာပြီးရင် မေမေလဲသက်သက်သာသာနဲ့ဆေးတွေမသောက်ဖဲနေနိုင်ပြီ..... "

" အင်း သားကတော့ ဒီမှာပဲနေခဲ့မှာမလား တစ်ယောက်ထဲဖြစ်နေရင် သားမမကိုထားခဲ့မယ်လေ "

" အန်တီကလဲ မေမေခွဲစိတ်ရမဲ့ဟာ မေမေ့ဘေးမှာ ကျတော်ရှိနေမှဖြစ်မှာပေါ့ "

" သားမေမေကို အန်တီတို့စောင့်ရှောက်ပေးနိုင်ပါတယ် အကုန်လုံးအစစအရာရာတာဝန်ယူမှာမို့ ဘာမှစိတ်မပူနဲ့ "

" ဒါပေမဲ့ ကျနော်ကမေမေနဲ့မခွဲဘူးတော့ ...... "

Newကမျက်နှာမကောင်းဖြစ်ပြီးငိုမဲ့မဲ့လေးပြောနေတာကြောင့် Newမေမေလဲ သူ့နားလေးကို Newကိုခေါ်လိုက်ပြီး ကျောပြင်လေးကိုပွတ်ပေးကာ......

" သား ဘာမှစိတ်မပူနဲ့နော် သားသာ သားကိိုကိုကို ဂရုစိုက်ပြီးနေခဲ့..... "

မေမေပြောတဲ့ ကိုကိုဆိုတာကြောင့်် Newမေမေ့ကိုမော့ကြည့်မိတော့ မေမေက P Tayကိုပြုံးပြီးကြည့်လို့.....

Newတစ်ယောက် မေမေဘာကိုဆိုလိုတာလဲမေးချင်ပေမဲ့ Tayပေါင်ပေါ်တက်ထိုင်နေတဲ့ Fannyကြောင့်နေရာကထသွားပြီး Fannyကို Tayပေါ်ကဆွဲခေါ်လိုက်ကာ.....

" Funny လာ ကိုကိုနဲ့မုန့်စားသွားရအောင်...... "

Newဆွဲခေါ်လို့ သူ့ရှေ့မတ်တပ်ရပ်နေတဲ့ Funnyက မျက်မှောင်ကြုတ်ပြီး ......

" Funnyက ကလေးမဟုတ်တော့ဘူး ဘာမုန့်မှလဲမစားချင်ဘူး "

" ဒါဆိုလဲမစားနဲ့ပေါ့ ...... "

" မစားဘူး.... "

Fannyတစ်ယောက် Tayပေါ်ပြန်ထိုင်မယ်လုပ်တော့ Newလဲ Tayကိုဆွဲထူလိုက်ကာ ရပ်စေပြီး....

" P Tay ကုမ္မဏီသွားမှာမလား သွားနှင့်လိုက်လေ ကျနော်ပြီးမှလိုက်ခဲ့မယ် "

" ရပါတယ် ကိုယ်Newနဲ့ပဲ တူတူသွားပါ့မယ်.... "

Newလဲ သူ့အန်တီကို လှမ်းကြည့်ကာ

" အန်တီတို့ ဒီနေ့အိမ်မှာနေအုံးမှာမလား..... "

" အန်တီနဲ့ Fannyက ဒီညဒီမှာ တူတူအိပ်မှာ သားမမက သူငယ်ချင်းဆီသွားမယ်ပြောတာပဲ "

Smile And Lose Where stories live. Discover now