2years later .......
အစွဲအလမ်းကြီးတဲ့ Tayတစ်ယောက် 2နှစ်ကြာပြီးမှ ပြန်ရောက်လာတဲ့ နေရာက ဟိုးငယ်ငယ်လေးတုန်းက ကောင်လေးနဲ့တွေ့ခဲ့တဲ့ ဘုန်းကြီးကျောင်း......
ပြီးခဲ့တဲ့နှစ်တွေတုန်းက ဆေးရုံကဆင်းပြီး နောက်နေ့ အင်္ဂလန်သွားရမှာမို့ ဆေးရုံကဆင်းဆင်းချင်း ဘုန်းကြီးကျောင်းကိုပဲ ချက်ချင်းသွားလိုက်တာ........
သူ့ဘက်က ကောင်ငယ်လေးကို တစ်ခါထဲသာ တွေ့ဖူးခဲ့ပေမဲ့ ဒီကောင်လေးပေါ်ထားတဲ့ သံယောဇဥ်က အရမ်းကိုကြီးခဲ့တာ......
ဟိုးငယ်ငယ်ကနေ အခုအသက်အရွယ်ထိ သူ ကောင်ငယ်လေးကို ဘာကိစ္စတွေ ဘယ်လိုဖြစ်နေပါစေ တစ်နေ့မှ မေ့မရခဲ့ဘူး......
Sanသေသွားတာ သိတုန်းကဆို ရင်ထဲမှာ ခံစားရသမျှကို ကောင်ငယ်လေးကို ဖွင့်ပြောပြချင်ခဲ့တာ......
ဒါကြောင့်လဲ သူ့အိပ်မက်ထဲမှာ ကောင်ငယ်လေးရဲ့ ကျောပြင်ကိုကြည့်ပြီး ပြောပြခဲ့တာပေါ့......
Tayလဲ ကောင်ငယ်လေးနဲ့စကားပြောခဲ့နေရာလေးကို လျှောက်သွားကာ တစ်ယောက်ထဲရပ်ရင်း......
" ကောင်လေးရေ .....ငါမင်းနဲ့တွေ့ခဲ့တဲ့ ဒီနေရာကို အင်္ဂလန်က ပြန်ရောက်ရောက်ချင်း လာခဲ့မိပြန်ပြီ...
ငါမင်းကို အရမ်းသတိရတာပဲ မင်းကတော့ ငါ့ကို မေ့သွားလောက်ပြီပေါ့ "
" မောင်လေးရေ...... မောင်လေး "
Tayလဲ သူ့မမလာခေါ်တာနဲ့ သူ့မမနားသွားကာ
" မမ ဘုန်းဘုန်းကို ကန်တော့ပြီးပြီလား "
" ပြီးသွားပြီ မမတို့ ပြန်ကြရအောင်လေ ခရီးက ရောက်ရောက်ချင်း လာရတာမို့ ပင်ပန်းနေပြီ "
" ဟုတ်ပြီလေ ပြန်ကြမယ် "
Tayလဲ သူ့မမလက်ကိုကိုင်ကာ ကားဆီလာခဲ့လိုက်တယ်.....
အရင်တစ်ခါ Tay ဘန်ကောက်ကို ပြန်လာပြီးတော့ သိပ်မကြာခင်မှာ accident ဖြစ်လိုက်တာကြောင့် ဒီတစ်ခေါက်တော့ သူ့မမကပါ တစ်ခါထဲ Tayကို စောင့်ရှောက်ဖို့ အပြီးပြန်လိုက်လာတာ....
********************
" အဟွတ်..... အဟွတ် "
Newတစ်ယောက် အိမ်ပြန်ရောက်တော့ မေမေ့ ချောင်းဆိုးသံကြားတာကြောင့် အခန်းထဲ ပြေးဝင်သွားလိုက်ပြီး ......
YOU ARE READING
Smile And Lose
Fanfictionမင်း အပြုံးက ကိုယ့်အတွက် သကြားလုံးလေးတစ်လုံးလိုပဲ အရမ်းချိုမြတယ်.....🍬 ခများ ကျနော့်ပေါ်ထားတဲ့ အချစ်တွေက ကျနော့်ကို ရှူံးစေတယ်.......