Part 20

171 23 20
                                    

" ကျနော့်ကို စိတ်ဆိုးနေတဲ့ ကျနော့် Kitရေ ကျနော်လာပြီနော် "

ဆိုင်ထဲမရောက်သေးဘူး ထွက်လာတဲ့အသံစူးစူးကြောင့် Kristတစ်ယောက် လန့်ဖြန့်ကာ ပြေးဖို့လုပ်နေတုန်း ကလေးမလေးတစ်ယောက်က သူ့လက်လာဆွဲတာကြောင့်......

" ဘာလိုလို့လဲ မီးမီးလေး...... "

" ကိုကို မီးမီးကို စတော်ဘယ်ရီကိတ်တစ်ခုပေးပါလား ဟင် မှာထားတာကြာပြီ ခုထိမရသေးလို့ မီးမီးဗိုက်ဆာနေပြီ "

" အာ..... အွန်း..... အယ် ! ..... "

Krist ကလေးမလေးကို စကားပြန်ပြောဖို့လုပ်နေတုန်း Singရောက်လာကာ ကလေးမလေးလက်ကို ဆွဲဖြုတ်လိုက်တာကြောင့် ပြောစရာစကားတွေပျောက်ကုန်တယ် .....

" ဗိုက်ဆာတယ်ဆိုလဲ ပါးစပ်ကပြောပြီးမှာပေါ့ ကလေးမရယ် ဘာကြောင့် Kitလက်ကိုကိုင်ပြီး ပြောရတာလဲ...... "

" ကိုကိုက ဘယ်သူလဲ ...... "

" ငါက Kitလက်ကို ထိလို့ကိုင်လို့ရတဲ့ တစ်ဦးတည်းသော သူပဲ...... "

Kristလဲ သူ့လက်ကို ပိုင်စိုးပိုင်နင်းကိုင်ကာ ပြောနေတာကြောင့် Singလက်ထဲက ရုန်းထွက်ကာ ကလေးမလေးကို ကြည့်ပြီး....

" ငါ့ကိုလွှတ်စမ်းပါ..... မီးမီးလေးမှာထားတာ စတော်ဘယ်ရီကိတ်မလား ကိုကိုလာပို့ပေးမယ်နော် "

" မလိုဘူး...... Gun မင်းသွားယူပြီး ဒီကလေးမကို ပို့ပေးလိုက် "

Singလဲ Gunကိုပြောပြီး Kristလက်ဆွဲကာ နေရာကထွက်လာလိုက်တယ် ......

Gunကလဲ Singကိုမျက်စောင်းထိုးကြည့်ကာ ဘေးကOffဘက်ကိုမျက်နှာမူပြီး Offလက်လေးကိုကိုင်ကာ......

" အကိုကြီး Singက ကျနော့်ကို ခိုင်းစားနေတယ်..... ကျနော် မလုပ်ချင်ဘူးနော်...... "

" တကယ်ပါပဲ Singကလဲနော်...... "

" အကိုကြီးပဲ ပို့ပေးလိုက်နော် ကျနော်အကိုကြီးတွက် ကော်ဖီမှာပြီးစောင့်နေမယ်..... မွ.... "

Gunက အဲ့လိုပဲ Offကို အချိုသပ်ပြီး ခိုင်းစားနေကျ ဒါပေမဲ့လဲ ကိုယ့်ညီဆိုတော့ ဗွေမယူပါဘူးလေ လုပ်ပေးရမှာပေါ့ မဟုတ်ဖူးလား........

Smile And Lose Where stories live. Discover now