(9)

3.8K 358 19
                                    

page no.9

တစ်ခုသောနွေရာသီတွင်ဖြစ်သည် ။ သူတို့နိုင်ငံသည်အေးရင်လည်းအသေအေးသောကြောင့် ဒီလိုနွေရာသီဆိုမခံမရပ်နိုင်အောင်ပူရသည် ။ ရင်အေးအောင်ဖရဲသီးကို နွေမကုန်မချင်းသူတို့မိသားစုစားသည် ။ ညနေဘက်ဆိုလည်း ခြံထဲမိသားစုသုံးယောက်ထွက်ထိုင်ကာ ဖရဲသီးရေခဲချောင်းထိုင်စားဖြစ်ကြလေသည် ။

နွေရာသီရဲ့ပုံမှန်နေ့အတိုင်း ထယ်ယောင်းတို့မိသားစုသုံးယောက်ခြံထဲတွင် စကားတပြောပြောနှင့်ရေခဲချောင်းထိုင်စားနေကြလေသည်။ ထိုစဥ်ဂျုံးဂုတို့ခြံဘက်မှ ကျလာသောအဝါရောင်စွန်လေးသည် ထယ်ယောင်းရဲ့​ကွင်းစွပ်ဖိနပ်အမဲရောင်လေးနားကျလာခဲ့သည် ။ ထယ်ယောင်းကဖိနပ်ကိုချွတ်လျက် ခြေတလှုပ်လှုပ်နှင့် ရေခဲချောင်းစားနေတော့ စွန်လေးကိုသတိမထားမိသေး ။

" ဟေ့ ထယ်ယောင်း "

ဂျုံးဂုရဲ့တဖက်ခြံမှလှမ်းအော်သံကြောင့် ထယ်ယောင်းအပါအဝင် ထယ်ယောင်းရဲ့အဖေနဲ့အမေပါလှည့်ကြည့်လိုက်သည် ။

" ဘာလဲ "

" စွန်လေးတချက်လောက် မြှောက်ပေး "

" အေး "

ထယ်ယောင်းက တုတ်ချောင်းပဲကျန်တော့သော ရေခဲချောင်းတုတ်လေးကို သွားနဲ့ကိုက်ထားရင်းစွန်ကိုကောက်ကာ မြှောက်ပေးလိုက်လေသည် ။ တခါနဲ့မရ နောက်တကြိမ်မှစွန်လေးကမြှောက်တက်သွားတော့သည် ။ ဂျုံးဂုမှာထယ်ယောင်းကိုပင်မကြည့်တော့ပဲ ရစ်လုံးအားစလှည့်လျှက် "ကျေးဇူးကွာ " ဆိုပြီးလှမ်းပြောလေသည် ။

ဒါကိုပင် ထယ်ယောင်းမှာထပ်ပြီးထူးဆန်းသွား၍ စိတ်ရှုပ်လာရတော့သည် ။ ဂျုံးဂုကဘာမှမလုပ်ပါဘဲ ထယ်ယောင်းရင်တွေ ထပ်ခုန်နေပြန်ပါပြီ ။ ဒီလိုဖြစ်တာ ထယ်ယောင်းလုံးဝမကြိုက် ။

" စိတ်ရှုပ်လိုက်တာ စိတ်ရှုပ်တယ် စိတ်ရှုပ်တယ် တအားစိတ်ရှုပ်တယ် "

မျက်လုံးကိုမှိတ်ကာစုံအော်နေသော ထယ်ယောင်းကြောင့် ထယ်ယောင်းအဖေနဲ့အဖေမှာ ရုတ်တရက်ကြောင်သွားရတော့သည် ။

" ဟဲ့ ကောင်လေး ဘာတွေပြောနေတာလဲ "

" ဗျာ "

" ဟိုကလေး စွန်လေးကောက်ခိုင်းတာကိုများဟယ် မင်းတော်တော်အကျင့်ပုတ်တာပဲ "

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now