(18)

3.3K 291 15
                                    


Page no.18

"ချစ်ရပါသာ ထယ်ယောင်းရေ "

လွမ်းဆွတ်ဖွယ်ကောင်းသောနွေဦးကိုတခါပြန်ရောက်လို့လာခဲ့ပြီ ။ နှစ်နှစ်လောက်တော့ရှိတော့မည်ထင် ငါ့ရဲ့နှလုံးသားနေရာကလွတ်နေခဲ့တာ။ နေ့တိုင်းသတိရနေခဲ့တာပါလို့ပြောရင် မင်းယုံမှာမဟုတ်ပါဘူး ထယ်ယောင်းရေ။ ငါ့လိုလူရဲ့စကားတွေကိုမင်းအယုံအကြည်ရှိတော့မှာ မဟုတ်တော့ပေမယ့်မင်းနဲ့အတူရှိခဲ့တဲ့နေ့ရက်တိုင်း ၊ အချိန်တိုင်းကငါ့အတွက်အဖိုးတန်လှပါတယ်။

ရွေးချယ်ဖို့အခွင့်ရေးတောင်မရှိတော့တဲ့အခြေနေတစ်ခုမှာ မင်းရောငါရောကအဖြည့်ခံတွေဖြစ်ခဲ့တာပေါ့။ ပြန်လာမယ်လို့ကတိတွေပေးပြီးပြန်မလာနိုင်တဲ့ငါက မင်းကိုဘယ်လိုစကားတွေနဲ့ဆင်ခြေတွေပေးရမလဲငါမသိဘူး။ အကြောက်ဆုံးကတော့ မင်းကိုနာကျင်အောင်လုပ်မိမှာကိုဆိုပေမယ့် ငါလုပ်ခဲ့မိတာပဲ။

ငါ့ကြောင့် အူလ်ဆန်ကိုလိုက်လာတဲ့မင်းကို ပြီးတော့ ငါကပဲထားရစ်ခဲ့တဲ့မင်းကိုငါဘယ်လိုစကားတွေနဲ့ နှစ်သိမ့်ရဲပါ့မလဲ။ မင်းမုန်းသွားမှာကိုလည်းကြောက်ပြီး မင်းစိတ်တွေပြတ်သားသွားမှာကိုလည်း ငါသိပ်ကြောက်ရပါတယ်။ မင်းကိုဆုံးရှုံးလိုက်ရပြီဆိုတဲ့စိတ်နဲ့နေ့တိုင်းထိတ်လန့်နေခဲ့တဲ့ရက်တွေရှိခဲ့ပါတယ်လို့ပြောရင် မင်းကရယ်လိမ့်မလားဘဲ။

ကျောင်းဝတ်စုံနဲ့ကျောင်းသားလေးတွေကိုမြင်ရင် ၁၉ နှစ်အရွယ်ကငါတို့ကိုယ်ငါတို့ပြန်သတိရတယ်။ အထူးသဖြင့် ကျောင်းဝတ်စုံနဲ့အရမ်းကြည့်ကောင်းတဲ့မင်းကိုသတိရတယ်။ ငါလှည့်ကြည့်လိုက်တဲ့အခါ မြင်လိုက်ရတဲ့ မျက်နှာစိမ်းနဲ့မင်းကသိပ်ချောတာပဲလို့ ငါ့စိတ်ထဲပြောလိုက်မိသေးတယ်။ ဒီလိုနဲ့ငါ့ရဲ့နှုတ်ဆက်မှုကတဆင့်ငါတို့ခင်လာပြီး စိတ်တွေလည်းပြောင်းလဲလာတယ်။ ငါမင်းရဲ့နဖူးနမ်းလိုက်တုန်းကမင်းကငါ့ကိုဆက်တိုက်ရှောင်ခဲ့တာ။

အားကစားဝတ်စုံနဲ့မင်းကို locker နဲ့ဖိကပ်ပြီး နီးနီးကပ်ကပ်ပြောမိတော့ ပြူးကျယ်သွားတဲ့မင်းရဲ့မျက်လုံးလေးတွေကိုငါစတင်ပြီးရင်ခုန်ခဲ့မိတယ်။ အရမ်းချစ်စရာကောင်းနေတဲ့မင်းကို စိတ်ဆိုးသွားမှာစိုးလို့ထပ်မနမ်းမိအောင် မနည်းထိန်းခဲ့ရသေးတယ်။ သဝန်တိုပြီးငါအော်လိုက်တုန်းက ငိုသွားခဲ့တဲ့မင်း၊ ငါပွေ့ဖက်လိုက်တိုင်း ကျောပေးထားတတ်တဲ့မင်း၊ ငါဖုန်းမဆက်ရင်ပြန်မဆက်တဲ့မင်း ၊ ခေါင်းမာတဲ့မင်းကိုငါသိပ်ချစ်ရတာပါ။

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now