(8)

4K 384 23
                                    


Page no.8

မနက်ခင်းနေရောင်သည် ဆင်စွယ်ရောင်ကန့်လန့်ကာကိုဖြတ်လျှက် သူတို့နှစ်ဦးရဲ့အဝတ်မဲ့နေသောခန္ဓာကိုယ်ပေါ်ဖြာကျနေသည် ။ ခေါင်းပေါ်ပွတ်သတ်လာတဲ့လက်တစ်စုံကြောင့် ဂျုံးဂုအနည်းငယ်တော့လှုပ်ရွသွားခဲ့သည် ။ သို့သော်မျက်လုံးတွေဆက်မှိတ်ထားရင်း နူးညံ့မှုကိုခံစားနေလိုက်သည် ။

" ဂျုံး  ဂု .."

နား နားကိုတိုးကပ်ခေါ်လာတဲ့အသံလေးတွင် ဂျုံးဂုမျက်လုံးတွေဖြတ်ခနဲပွင့်သွားခဲ့သည် ။ ဂျုံးဂု အခု ထယ်ယောင်းရင်ခွင်ထဲရောက်နေခြင်းဖြစ်ပြီး ဆံပင်များအားနူးညံ့စွာပွတ်သပ်ပေးနေသူမှာထယ်ယောင်းဖြစ်မှန်းအခုမှသိတော့သည် ။

ရင်ခွင်ထဲလှဲနေရင်း ထယ်ယောင်းရင်ဘက်ကိုနှုတ်ခမ်းတွေဖြင့်ထိကပ်လိုက်သောအခါ ဂျုံးဂုခေါင်းပေါ်ကထယ်ယောင်းလက်တွေရပ်တန့်သွားတော့သည်။ ချက်ချင်းဆိုသလိုပဲ ထယ်ယောင်းခန္ဓာကိုယ်တစ်ခုလုံးသည် ဂျုံးဂုပေါ်ခွထိုင်လျှက်သားဖြင့်အကြည့်ချင်းဆုံနေကြလေသည်။

ထယ်ယောင်းရဲ့မျက်လုံးဝိုင်းဝိုင်းတွေကနေတဆင့် နှုတ်ခမ်းတွေအထိ ဂျုံးဂုအမြတ်တနိုးကြည့်နေမိသည်။ ပြီးနောက် ထယ်ယောင်းရဲ့ဂုတ်ကိုဆွဲချကာ နှုတ်ခမ်းချင်းထိတွေ့လိုက်တော့သည်။

သူတို့နှစ်ယောက်လုံး အသည်းအသန်နမ်းရှိုက်နေကြလေသည် ။ အသံတွေကလည်းထယ်ယောင်းအခန်းလေးထဲ ပျံ့နှံ့လျှက် ။

ဒါဟာလက်တွေ့လား ။ အိပ်မက်လား ။

ဝေခွဲမရတဲ့အ​ခြေနေထဲပိတ်မိနေပြီ ။ ဒါတွေကိုအစစ်မှန်လို့ သူဖြစ်စေချင်တယ် ဒါပေမယ့် ..

" ဟား .. "

ဂျုံးဂုသည် ထူးဆန်းလွန်းသောအိပ်မက်ကြောင့် ဆက်ခနဲထထိုင်လျှက် ကိုယ့်ဆံပင်တွေကိုယ်ဆွဲစုတ်မိသွားသည်။ ဆက်တိုက်ဝင်လာတဲ့အိပ်မက်ထဲကအကြောင်းအရာတွေကြောင့် ခေါင်းကိုနာနာခါထုတ်ပစ်​ေသာ်လည်း လုံးဝမရ ။ ထိတွေ့ဖူးသောနှုတ်ခမ်းလေး ၊ အိပ်မက်ထဲကလက်တွေ့ဆန်လွန်းသော သူတို့အနမ်းတွေ အသံတွေကခေါင်းထဲအဆက်မပြတ်ဝင်လာပြန်သည်။

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now