(3)

5.1K 484 4
                                    


Page no.3

- မင်းနိုင်တယ် ဂျွန် -

ဂျုံးဂုသည်သူ့ကောင်မလေးရှိရာစာကြည့်တိုက်ဘက်သို့ထွက်လာခဲ့သည် ။ စာကြည့်တိုက်ထဲကိုရောက်တော့ ထုံးစံအတိုင်းပတ်ဝန်းကျင်လေထုကတိတ်ဆိတ်ကာ သူကိုယ်တိုင်လည်းအသံမထွက်အောင် ကောင်မလေးအားစာကြည့်တိုက်အတွင်းလှည့်လည်ရှာကြည့်လိုက်သည် ။ ရှာနေတဲ့သူကိုအရင်မတွေ့ဘဲ ကောင်လေးတစ်ယောက်နဲ့အတူစာထိုင်လုပ်နေသောထယ်ယောင်းအားအရင်ဆုံးတွေ့သည် ။

မနက်ကသူ့ကိုမစောင့်ဘဲကျောင်းကိုအစောကြီးထွက်သွားတဲ့ ထယ်ယောင်းကစာကြည့်တိုက်မှာတခြားတစ်ယောက်နဲ့ရှိနေသည်ဆိုတော့ မဆီမဆိုင်သူ့ဒေါသတွေထွက်လာခဲ့ရသည် ။ အနားကိုသွားဖို့လုပ်တော့ ကောင်မလေးတစ်ယောက်ကပါရောက်လာပြီး ထယ်ယောင်းဘေးဝင်ထိုင်လိုက်၍ မနှစ်မြို့မှု့တွေထပ်တိုးကာ ပါးစောင်းထဲလျှာကိုထိုးမွှေရင်း ခေါင်းချင်းဆိုင်နေသည့်သုံးယောက်အားကြည့်နေမိသည်။

" ကို ရောက်နေတာကြာပြီလား "

" ဟမ် အင်း .."

" လာ ဟိုဘက်သွားရအောင် "

ဟိုဂျင်းဆိုသောသူ့ရဲ့ကောင်မလေးက စာအုပ်စင်အမြင့်ကြီးတွေရှိရာဘက်သို့သူ့အားခေါ်လာတော့ စောစောကထွက်နေနဲ့ဒေါသတွေပါပျောက်ချင်းမလှပျောက်သွားရသည်။ ဟိုဂျင်းသည်လူရှင်းသောစာအုပ်စင်ကြီးနားရောက်တော့ ရပ်လိုက်ပြီးသူ့အားကြည့်ကာ

" ကို ဒီနေ့က ဟိုဂျင်းတို့ချစ်သူဖြစ်တာ တစ်လပြည့်သွားပြီနော် "

" အော် အင်း "

" ဘာလဲ ကိုကသတိမရဘူးလား "

" ကိုတို့အပြင်ထွက်ပြောရအောင်လေ စာဖတ်သူတွေအနှောင့်အယှက်ဖြစ်နေပါမယ် "

" ဘာမှမဖြစ်ဘူး တိုးတိုးလေးနေနေတာပဲကို "

ဟိုဂျင်းသည်​သူ့နှုတ်ခမ်းအား​မေ့ာနမ်းရင်းပြောလာသည် ။ ဟိုဂျင်းရဲ့အနမ်းကိုသူမတုံ့ပြန်မိသလို တွန်းလည်းမထုတ်မိ ။ ထိုအချိန်သူ့နားထဲတီးတိုးဝင်ရောက်လာသည့်စကားတစ်ချို့ကြောင့် ဟိုဂျင်းရဲ့နှုတ်ခမ်းများထံသို့အပြစ်ပုံချကာ ဖိကိုက်ထားလိုက်သည် ။

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now