(6)

4.6K 444 16
                                    

(ZAWGYI X UNICODE )

page . 06

- မင်းငါ့ကိုသဘောကျနေတာလား ဂျွန် -

ကျွန်တော်အခုတလောဂျွန်နဲ့သိပ်မတွေ့ဖြစ်ဘူး ။ ဘာလို့ဆိုကျောင်းစာမေးပွဲတွေနီးနေပြီလေ ။ သူလည်းသူ့အိမ်မှာစာလုပ် ကျွန်တော်လည်းတခြားအတွေးတွေကိုခေါင်းထဲခဏထုတ်ပြီးစာလုပ်နေတာနဲ့ သူ့အကြောင်းလည်းသိပ်မတွေးဖြစ်ဘူးရယ် ။

ဒါပေမယ့်လည်းစာလုပ်ပြီးလို့ အိပ်ရာပေါ်လှဲချလိုက်တာနဲ့ကျွန်တော်သူ့ကိုသတိရလာပြန်တယ် ။ လွှတ်နေတဲ့ကျွန်တော့်ဘေးဘက်ခြမ်းက သူ့ကိုတွေ့ချင်စိတ်ဖြစ်အောင်တွန်းအားပေးလွန်းတယ် ။ ကျွန်တော်တို့နှစ်ယောက်လုံးကသိတဲ့အတိုင်း တစ်ယောက်ကစမခေါ်ရင်မခေါ်ဘူးဆိုတဲ့မာနလေးတွေရှိနေတာတော့ခက်သား .. ။ ဒါကလည်း ကျွန်တော်တို့အချင်းချင်းစောင့်ထိန်းနေတဲ့စည်းလေးပဲဖြစ်မလား ။ မဟုတ်လည်း ကျွန်တော့်ဘက်ကတဖက်သတ်စောင့်ထိန်းနေတဲ့စည်းလေးပဲဖြစ်နေမလား ။

အခုဆိုကျွန်တော်တို့နှစ်ယောက်လုံးကျောင်းဒုတိယနှစ်ဖြေပြီးရင် တတိယနှစ်ရောက်တော့မယ် ။ အသက်တစ်နှစ်ကြီးလာလေလေ သူ့အပေါ်ထားတဲ့ကျွန်တော့်လောဘကပိုကြီးလာလေပဲ ။ အခုချိန်ထိသူနဲ့ပတ်သတ်ရင် ကျွန်တော်ဟာစိတ်ထိခိုက်လွယ်တုန်းပဲ .. ။

သူကျွန်တော့်ကိုမသိချင်ယောင်ဆောင်တဲ့အခါ ရင်ဘက်ထဲနာကျင်ရပြီး ၊ သူတစ်ခြားတစ်ယောက်နဲ့ရယ်မောနေတာတွေ့တဲ့အခါ ရူးမတတ်ခံစားရတယ် ။သူကျွန်တော့်ကိုဖက်တဲ့အခါ နွေးထွေးပြီးရင်ခုန်တယ် ၊ သူကျွန်တော့်ကိုနမ်းတဲ့အခါ ကျွန်တော်ဟာသူ့အပိုင် သူဟာကျွန်တော့်အပိုင်လို့ ကျွန်တော်သတ်မှတ်လိုက်မိပြန်ရော ..။

သူကျွန်တော့်အပေါ်ပေါ့ပျက်ပျက်ဆက်ဆံတတ်ပေမယ့် သူ့ရဲ့အမူအရာတိုင်းကိုကျွန်တော်သဘောကျပြီး အတည်သတ်မှတ်တတ်တယ် ။

သူကလှတယ် ။ ကျွန်တော့်အတွက်အလှဆုံးနဲ့ အခန်းညားဆုံးယောကျာ်းက ဂျွန် ။ သူ့အပြုံးတွေကိုကျွန်တော်နှစ်ခြိုက်တယ် ။ သူ့ရဲ့တောက်ပတဲ့အကြည့်နဲ့ လှပတဲ့ခန္ဓာကိုယ်အချိုးအစားက ကျွန်တော့်အတွက်အားနည်းချက်ပဲ .. မဟုတ်ဘူး သူ့ရဲ့ဖြစ်တည်မှု့ကိုယ်တိုင်က ကျွန်တော့်အားနည်းချက်ဖြစ်နေတာ ။ သူ့ကိုတခြားသူလုယူသွားမှာကျွန်တော်အရမ်းကြောက်တာပဲ ..။

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now