(12)

3.4K 303 11
                                    


page no.12

(warning)

မြက်ခင်းပေါ်တွင်နှစ်ယောက်သားလှဲနေရာမှ ဂျုံးဂုကမှောက်ယက်အနေအထားသို့ပြောင်းကာ မြက်ပင်ငုတ်တိုလေးများအား လက်ထဲဆုပ်ကိုင်လျှက် စကားစလာသည် ။ နားရွက်ဖျားတွေလည်းနီရဲလျက်

" ဒီနေ့ အဖေနဲ့အမေဂျယ်ဂျူဒိုကို မင်္ဂလာနှစ်ပတ်လည်အတွက်ခရီးထွက်သွားကြတယ် .. အဲ့ဒါ မင်း "

" ငါ့ကိုလိုက်အိပ်စေချင်တာလား "

ထယ်ယောင်းသည်လည်း မှောက်ယက်အနေအထားပြောင်းလိုက်ပြီး မေးထောက်ကာဖြင့်မေးလိုက်တော့ ဂျုံးဂုက အဓိပ္ပါယ်တစ်ခုခုပါဝင်သောအပြုံးဖြင့်ပြုံးပြလေသည် ။

" ငါ့အမေကိုသွားပြောလိုက်အုံးမယ် ခဏစောင့် "

" အင်္ကျီယူလာစရာမလိုဘူး ငါ့ဟာတွေဝတ် "

ဂျုံးဂုစကားအား ထယ်ယောင်းကလက်မနဲ့လက်ညှိုးကိုထိကပ်လျှက် အိုခေဆိုပြီးပြောကာအိမ်ထဲဝင်သွားသည် ။ ဂျုံးဂုကတော့ စိတ်လှုပ်ရှားစွာဖြင့်မြက်ခင်းပေါ်ပြန်လှဲချကာ ကောင်းကင်ပြာကြီးအားကြည့်လျှက် ပြုံးနေမိသည် ။

နာရီဝက်ခန့်ကြာပြီးနောက်မှာ ထယ်ယောင်းကထွက်လာပြီး လှဲနေသောဂျုံးဂုရဲ့လက်ဖဝါးတွေကိုဆုပ်ကိုင်ရင်းဆွဲထူပေးလိုက်သည် ။

" အားလုံးအေးဆေးပဲမဟုတ်လား "

" အင်း "

ထယ်ယောင်းဖြေသံကိုကြားပြီးတာနဲ့ ဂျုံးဂုကထယ်ယောင်းရဲ့လက်ကောက်ဝတ်ခပ်သေးသေးအား တင်းနေအောင်ဆွဲကာထယ်ယောင်းတို့အိမ်နဲ့ခြံကိုကျောခိုင်းပစ်လိုက်ကြသည် ။

" မင်းကထပ်ပြီးထူးဆန်းပြန်ပြီ "

ထယ်ယောင်းက ဂျုံးဂုခေါ်ရာနောက်လိုက်ရင်းပြောလိုက်တော့ ဂျုံးဂုကနှုတ်ခမ်းစွန်းတဖက်တည်းလှုပ်ရုံသာပြုံးပြပြီး ထယ်ယောင်းကိုအိမ်ထဲရောက်အောင်အရင်ဆွဲခေါ်လာခဲ့သည် ။ ထယ်ယောင်းလည်း ဂျုံးဂုပုံစံကိုရိပ်မိ၍ ဘာမှမပြောတော့ ။ အိမ်ထဲရောက်တော့ ဂျုံးဂုကတံခါးကိုသေချာပိတ်ပြီးနောက် ထယ်ယောင်းဘက်ကိုလှည့်လိုက်ပြီး ထယ်ယောင်းရဲ့လက်ချောင်းရှည်သွယ်သွယ်များကို ပါးနဲ့ထိကပ်ရင်း

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now