(5)

4.9K 472 11
                                    


[ Unicode ]

page no.5

- မင်းနောင်တမရဘူးလို့ဂတိပေးစမ်းပါဂျွန် -

ဘာမှမသက်ဆိုင်သေးတဲ့သူတို့နှစ်ယောက် ။ နှုတ်ခမ်းချင်းတော့နီးကပ်ပြီးကြပေမယ့် နှလုံးသားတွေကဝေးကွာနေကြသေးတယ် ။ သူကမသေချာဘူး ကျွန်တော်ကသတ္တိမရှိဘူး ။ တခါတလေမျက်နှာချင်းဆိုင်ထိုင်နေရင်းတောင် ကျောခိုင်းလျှောက်နေရသလိုခံစားချက်ကြီးကအတော်ကိုဆိုးရွားလွန်းတယ် ။

မင်းငါ့အပေါ်ခံစားချက်ဘယ်လိုရှိလဲ ?? အဲ့လိုမေးဖို့တစ်ယောက်နဲ့တစ်ယောက်သတ္တိမရှိကြသေးတာလား ။

သူငယ်ချင်း ?? ကျွန်တော်တို့နှစ်ဦးယောင်လည်လည်နဲ့သတ်မှတ်ထားတဲ့စည်းသေးသေးလေးတစ်ခုသာဖြစ်လိမ့်မည် ။ ကျွန်တော်သူ့ကိုချစ်သည် ။ ဒါပေမယ့် ကျွန်တော့်ဘက်ကအရင်ဘယ်တော့မှစပြောတော့မှာမဟုတ် ။ သူ့ရဲ့မတည်ငြိမ်တဲ့စိတ်အိမ်ကိုကျွန်တော်ကြောက်သည် ။

ဒီကနေ့မှာသူကျွန်တော့်နှုတ်ခမ်းတွေကိုနမ်းရှိုက်နေပေမယ့် နောက်နေ့မှာသူ့နှုတ်ခမ်းတွေကကျွန်တော့်အပိုင်မဟုတ်တော့ ။ ထိုအခြေအနေတွေအတွက်ကျွန်တော်မခံစားနိုင်သလို နာကျင်ရမှာသေအောင်ကြောက်သည်။

ဟုတ်သည် ။ ကျွန်တော်ဟာပျော့ညံ့တဲ့လူစားတစ်ယောက် ။ အရာရာတိုင်းအတွက်မဟုတ်ပေမယ့် သူ့အတွက်တော့ကျွန်တော်ဟာ ...။

မနေ့ညကသူကျွန်တော့်နှုတ်ခမ်းတွေကိုသွေးစို့သည့်အထိကိုက်ခဲပစ်ခဲ့သည်။ ပုံမှန်အခြေအနေကိုပြန်ရောက်အပြီးမှာ သူကျွန်တော့်ဆီကနေခွာသွားခဲ့ပြီး ကျွန်တော်သည်လည်းအလိုလိုသူ့ရင်ခွင်ထဲကထွက်လာခဲ့သည်။ ကျွန်တော့်ဘက်ကအရင် သူ့အားကျောခိုင်းအိပ်စက်သည် ။ ပြီးနောက်ပုံမှန်အတိုင်းကျွန်တော့်ကျောပြင်တွေနွေးထွေးသွားခဲ့သည် ။

မနက်ခင်းရောက်တဲ့အချိန်တွင်သူကျွန်တော့်ဘေးမရှိတော့ ။ သူယူလာခဲ့သည့်စာအုပ်လေးတွေကတော့စားပွဲပေါ်တွင်ညကအတိုင်းငြိမ်သက်နေကြသည်။ ကျွန်တော်စာအုပ်ကိုယူပြီးကြည့်လိုက်သည်။ သူ့စာအုပ်မဟုတ် တခြားတစ်ယောက်၏စာအုပ်ဖြစ်နေခဲ့သည်။

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now