နေသာသောနေ့တနေ့၏ မနက်ခင်းတစ်ခုတွင်ထယ်ယောင်းရဲ့စိတ်တွေကြည်လင်စွာဖြင့်နိုးထလာခဲ့သည်။ ဆင်စွယ်ရောင်ကန့်လန့်ကာကိုဆွဲဖွင့်လိုက်ပြီး ပြတင်းတံခါးတွေကိုဖွင့်ကာနေရာင်ခြည်ရဲ့နွေးထွေးမှုကိုခံယူနေသောထယ်ယောင်းသည် သူ့ရဲ့ခြံထဲမှာဝေနေတဲ့ချယ်ရီပန်းလေးတွေထက်တောင်လှနေခဲ့ပါသည်။ ထယ်ယောင်းကနေရောင်ခြည်ကိုခဏလောက်ထိတွေ့ပြီးနောက်ပြုံးကာ ဝရံတာဘက်ထွက်လာခဲ့သည်။
ကျေးဌက်သံတွေရော မျက်စိရှေ့မြင်နေရာတဲ့ချယ်ရီပန်းတွေရောကြောင့် ထယ်ယောင်းရဲ့စိတ်တွေကပိုပြီးကြည်လင်လာခဲ့သည်။ ထိုစဥ်နားထဲဝင်ရောက်လာသော အသံဗလံများကြောင့်အသံလာရာကြည့်မိတော့ လူမနေတာကြာပြီဖြစ်သောဘေးအိမ်မှဖြစ်လေသည်။ သုံးနှစ်ကြာပြီးနောက်မှာတော့ လူအသစ်တွေပြောင်းလာဖို့ထင်ပါရဲ့။များစွာသော ပစ္စည်းရွေ့သံတွေနှင့်အလုပ်သမားသံများဖြင့်ဆူညံလို့နေသည်။
ရှေ့နှစ်လလောက်က ထိုအိမ်ကိုရောင်းမယ်ဆိုပြီးတစွန်းတစကြားခဲ့ရတာ နှစ်လအတွင်းရောင်းထွက်ခဲ့ပုံပဲ။ အခုတော့သူ့တို့အိမ်ဘေးကို မိသားစုအသစ်တွေထပ်ရောက်လာပြီပေါ့။
" ရောက်ချင်လည်း ရောက်ပါစေပေါ့ ငါ့ကိစ္စမမဟုတ်တော့ဘဲ "
ထယ်ယောင်းကစိတ်ပေါ့ပါးစွာပြောရင်း အတွေးတွေကိုရှင်းထုတ်ကာ မနက်စာစားရန်အောက်ထပ်သို့ဆင်းလာခဲ့တော့သည်။ သူအောက်ထပ်သို့ရောက်သည့်အခါ ခြံတံခါးဆီကဘဲလ်သံကကြိုနေပြန်သည်။ အမေကထွက်ဖို့လုပ်တော့ သူပဲသွားမည်ပြောကာထွက်လာခဲ့လေသည်။
ခြံတံခါးကိုဖွင့်လိုက်တော့ပစ္စည်းပို့သမားဖြစ်နေခဲ့သည်။ ပါဆယ်တစ်ခုကိုလက်ထဲထိုးပြီးတော့ လက်မှတ်ထိုးခိုင်းပြန်သည်။
" ကျွန်တော်တို့ဘာမှမမှာထားပါဘူး "
" ဆိုးလ်ကပို့လိုက်တာပါ ဒီလိပ်စာလည်းမှန်ပါတယ်"
ပစ္စည်းပို့သမားက ထယ်ယောင်းတို့ရဲ့ခြံအမှတ်ကိုကြည့်လိုက် လိပ်စာကိုကြည့်လိုက်ဖြင့်စစ်ဆေးပြီးနောက် လက်မှတ်ထိုးခိုင်းပြီးပြန်သွားတော့သည်။ ထယ်ယောင်းကတော့ လက်နှစ်ဖက်ဖြင့်ပါဆယ်ပုံးကိုကိုင်လျှက်အတွေးတွေဖြင့်ကျန်နေခဲ့တော့သည်။
YOU ARE READING
𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)
FanfictionThis book is intended for you JEON but I don't want you to read.This will be forever.