(14)

2.7K 289 19
                                    


Page no.14

ဆယ်ရက်နီးပါးဆက်တိုက်ရွာနေသောမိုးကြောင့် ခါတိုင်းနေ့တွေထက် သူပိုပြီးဝမ်းနည်းနေမိသည်။ မိုးရွာနေတဲ့ကာလတစ်လျှောက်လုံး ဒီခေါက်ရိုးကျိုးနေတဲ့စာမျက်နှာတွေနဲ့ပဲအချိန်ကုန်နေခဲ့တာလေ။ တခါတလေသူဟာ အရာရာကိုမခံစားတတ်တော့သည်အထိ၊ ဘယ်အရာကမှသူ့ကို နာကျင်အောင်မလုပ်နိုင်သည်အထိ သတ္တိတွေရှိနေခဲ့ပေမယ့် ဒီလိုနေ့တွေဆိုထိုစာတွေကိုဖတ်ကာ စိတ်တွေကိုနောက်ကြောင်းပြန်ပြန်လှည့်နေတတ်ပြန်သည်။

ပြတင်းတံခါမှန်ကိုလာရိုက်ခတ်တဲ့မိုးတွေဟာ ကျယ်လောင်တဲ့အသံနဲ့အရှိန်ပြင်းပြင်းလာစင်လို့နေလေသည်။ ထိုအရာကိုကြည့်ကာ သူ့မှာမျက်ရည်တွေကျနေရပြန်ပါသည်။ အနည်းငယ်ဟောင်းနေပြီဖြစ်သော စာအုပ်ကိုပိတ်ပစ်လိုက်ပြီးအခန်းနံရံထက်ပစ်ပေါက်လိုက်မိသည်။ နာကျင်မှုတွေ ပျောက်လိုပျောက်ငှါးဆိုပြီးတော့ပေါ့။ ဒါပေမယ့်လည်း တချိန်ကဂင်ထယ်ယောင်းပီသစွာပင် စားပွဲပေါ်ခေါင်းလေးစောင်းတင်ရင်း မိုးစက်တွေခုန်ပေါက်နေတဲ့ပြတင်းမှန်အားကြည့်ကာ ချုံးပွဲချထပ်ငိုနေရပြန်သည်။

ချစ်တာဟာအမှားတစ်ခုမဟုတ်ဘူး။ သူတို့ချစ်ခဲ့ကြတာဟာအမှားမဟုတ်ဘူး။ အချင်းချင်းမုန်းနေကြတာထက်စာရင် ချစ်တာဟာကောင်းတဲ့အရာပဲလေ။ ဘာလို့များ သူ့လို၊သူတို့လိုမတွေးနိုင်ရပါလိမ့်။

ဟုတ်တာပေါ့လေ သူ့လိုမျိုးသာအတွေးတွေရှိခဲ့ရင် ဒီနေ့လိုအချိန်မျိုးမှာ မျက်ရည်တွေအစား နွေးထွေးတဲ့ပွေ့ဖက်မှုလေးတစ်ခုနဲ့လုံခြုံချင်လုံခြုံနေမှာ။ အခုတော့ ကွဲကြေနေတဲ့နှလုံးသားတစ်စုံနဲ့ အတိတ်ကာလရဲ့ သားကောင်ကိုဖြစ်လို့။

သူကိုယ်တိုင်ကိုက လွတ်မြောက်ချင်စိတ်မရှိသ၍ ဘယ်တော့မှပြီးဆုံးမည်မဟုတ်။ ခက်တာကသူ့ရဲ့ကွဲကြေနေတဲ့နှလုံးသားလေ။ ဦးနှောက်က သူစောစောကပစ်ပေါက်လိုက်တဲ့စာအုပ်ကိုမီးရှို့ခိုင်းနေပေမယ့် သူ့ရဲ့ကွဲကြေနေတဲ့နှလုံးသားကတော့ထိုစာအုပ်ကို ပြန်ကောက်ခိုင်းနေသည်။ ဒီတခါလည်း ဂင်ထယ်ယောင်းပီသစွာ စာအုပ်ကိုကောက်ကိုင်လိုက်သည်။ ရင်ခွင်ထဲကိုပင်ပွေ့ပိုက်ကာ ပြတင်းတံခါးဆီသွားရပ်လိုက်ပြီး လူမနေတာကြာပြီဖြစ်သောတဖက်ခြံကိုလှမ်းကြည့်ရင်းသူ့ရဲ့တနေ့တာကို ကုန်ဆုံးခဲ့ပြန်သည်။

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now