(15)

2.9K 287 27
                                    

Page no.15

အချိန်မှာည ၁၂ နာရီကိုပင်ကျော်နေပြီဖြစ်သည်။ စိတ်မောစွာနဲ့သူတို့ခိုးထွက်ပြီးနောက်မှာ ဟိုတယ်တစ်ခုရဲ့အခန်းတစ်ခုတွင်သူတို့ရောက်နေကြပြီ။ ညည့်နက်နေပြီဖြစ်ပေမယ့် သူတို့နှစ်ယောက်လုံးမျက်လုံးတွေကြောင်နေမိကာ အိပ်မပျော်ကြသေး။ အဲ့ဒါကြောင့် ထယ်ယောင်းမှာ ဟိုတယ်ခန်းထဲမှဖြူစွတ်နေသောကန့်လန့်ကာကိုဆွဲဖယ်လိုက်ပြီး မှန်ခြားထားသောအပြင်ဘက်မှည့အလှကိုငေးမောနေလိုက်တော့သည်။

" အိပ်မပျော်ဘူးလား မနက်ကျကိုးနာရီလောက်သွားရမှာနော် "

ဂျုံးဂုက ထယ်ယောင်းရဲ့ခါးအားအနောက်ကနေလာဖက်ကာ သူ့ရဲ့မေးဖျားလေးကိုလည်းထယ်ယောင်းရဲ့ပခုံးပေါ်ဖိတင်လျှက်ပြောသည်။

" မင်းလည်းအိပ်မပျော်ဘူးမဟုတ်လား ငါတွေးနေတာကငါတို့လုပ်တာတွေမမှားပါဘူးနော် အချိန်တစ်ခုတော့စောင့်ရမှာဆိုပေမယ့်လေ လက်ခံကြမှာပါနော်"

" ငါတို့အတူတူထွက်ပြေးလာကြပြီးပြီပဲ ဘာများတတ်နိုင်ဦးမလဲ"

" အင်း "

" ငါမင်းကိုအရမ်းလွမ်းနေရတာ မင်းရဲ့ကိုယ်သင်းနံ့လေး "

ဂျုံးဂုက ထယ်ယောင်းရဲ့လည်ပင်းထက်မျက်နှာအပ်ကာ အသက်ပြင်းပြင်းရှုရှိုက်ရင်းပြောလာတော့ ထယ်ယောင်းနှလုံးသားတွေကအပြင်ကိုပင်ခုန်ထွက်မတတ်။ ပြီးနောက် ဂျုံးဂုကထယ်ယောင်းကိုယ်လုံးလေးကို သူနဲ့မျက်နှာချင်းဆိုင်အောင်ဆွဲလှည့်ရင်း နဖူးပေါ်ကိုခပ်ကြာကြာလေးထိကပ်နမ်းရှိုက်သည်။

" ငါလည်းအရမ်းလွမ်းနေရတာပါ "

သူတို့နှစ်ယောက်လုံးတင်းကြပ်နေအောင်ပွေ့ထားမိကြပြန်သည်။ မနက်ဖြန်ဆိုသူတို့ဘဝတွေပြောင်းလဲသွားမှာမဟုတ်လား။ သူတို့အတူတူနေဖို့ထွက်ပြေးလာကြပြီလေ။ အကြောက်တရားတွေ၊စိုးရိမ်စိတ်တွေပျောက်သည်အထိ သူတို့ပွေ့ဖက်ထားကြသည်။ သူတို့စိတ်လေးတွေပါ နွေးထွေးလာသည်အထိပေါ့။

" ငါတို့ အိပ်ကြရအောင်မနက်ကျစောစောသွားကြမယ်လေ "

" အင်း "

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now