(17)

3K 280 18
                                    

Page no.17

ဒီနေ့ကမင်းအကြောင်းတွေရေးတာ နောက်ဆုံးဖြစ်မှာပါ ဂျွန်။

ဘူဆန်ကအိမ်ကိုပြန်ရောက်တဲ့နေ့က ဒယ်ဂူကနေပြောင်းလာတုန်းကလိုခံစားချက်မျိုးဖြစ်မနေပြန်ဘူးဂျွန်။ မင်းမှရှိမနေတော့ဘဲ ။ လူမနေတော့တဲ့မင်းတို့အိမ်မှာ ဟိုးအစကနေ့တွေလိုမျိုး မင်းရယ်သံတစွန်းတစတောင်ကြားမနေရတော့ဘူး။ မင်းတို့ဘယ်ကိုထွက်သွားလည်းငါမသိဘူး။ လိုက်ရှာဖို့လည်း ငါ့မှာစိတ်ကူးနည်းနည်းလေးတောင်ရှိမနေတော့ဘူး။ ဒါဟာ ငါ့ရဲ့ခဏတာပြတ်သားမှုလည်းဖြစ်ချင်ဖြစ်မှာပေါ့ ။ ဒါမှမဟုတ်လည်း မင်းလိုမျိုးသားလိမ္မာလေးလုပ်တော့မယ်လို့ ဆုံးဖြတ်ချလိုက်မိလို့ဖြစ်မှာပေါ့လေ။

ငါအိမ်ကိုပြန်ရောက်တဲ့နေ့က ဂျူယောင်းကငါ့ဆီကိုလာလည်သေးတယ်။ မင်းတို့အိမ်မှာလူမနေတော့တာ ကြာနေပြီတဲ့လေ။တကယ်တော့ လေး၊ငါးလောက်တော့ရှိရောပေါ့။ ဒီခုနှစ်သာသာကလေးမလေးကဘယ်တွက်တတ်သေးပါ့မလဲ။ မင်းကဘယ်ကိုထွက်သွားတာလဲတဲ့။ အဲ့ဒီ့ချစ်စရာကောင်းတဲ့ကလေးမလေးကစကားများလွန်းလို့ အဲ့တနေ့တော့ငါသူ့ကိုမချစ်ဘူး။

မင်းကိုမေ့ပစ်ဖို့ ကြိုးစားတော့မယ်လို့လည်းငါဆုံးဖြတ်ထားတယ်။ဒါပေမယ့် တခါတလေပျော့ညံ့တတ်တဲ့ငါက မင်းရဲ့အကြောင်းပြချက်တွေကိုမျှော်လင့်မိနေတုန်း။ မင်းမရှိတော့တဲ့ အိမ်ကိုလည်းတနေ့ကိုဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ကြည့်,ကြည့်မိသွားတယ်။ ငါတကယ်မင်းကိုမေ့ဖို့ကြီးစားနေတာပါ။

ငါ့ရဲ့ဦးနှောက်မှတ်ဉာဏ်တွေထဲကရော ၊ ငါ့နှလုံးသားထဲကပါ အပြီးထုတ်ပစ်လိုက်ဖို့လေ။ လက်ရှိမှာတော့ ငါ့လက်တွေကမင်းအကြောင်းတွေကိုရေးနေမိသေးတာ။ ဒီစာအုပ်ထဲမှာ ငါ့ရဲ့လျှို့ဝှက်ချက်လေးဖြစ်တဲ့မင်းကိုထည့်သိမ်းထားတယ်။ ကြာပြီ တော်တော်လေးကိုကြာနေပြီ။ ငါဒီဟာလေးပိုတော့သိမ်းထားလို့ရသေးတယ်မဟုတ်လား။ မင်းကိုတော့မေ့ပစ်မယ် မင်းအကြောင်းရေးထားတဲ့စာအုပ်ကိုတော့တမြတ်တနိုးသိမ်းထားမယ်။ ငါကပျော့ညံ့တာလား ၊ နုံ အ တာလား ဒါမှမဟုတ် အချစ်ကြီးနေတာလား။

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now