(13)

2.9K 284 16
                                    

page no.13

ဂျုံးဂုရဲ့အနက်ရောင်အိပ်ယာခင်းပေါ်တွင် ထယ်ယောင်းကမှောက်လျှက်နေကာ ပက်လက်လှဲနေသောဂျုံးဂုရဲ့ဆံပင်တွေထဲထိုးဖွဆော့ကစားနေလေသည်။တဖက်တည်းဖွင့်ထားသော ပြတင်းပေါက်လေးကနေတဆင့် နေရောင်ခြည်ခပ်ဖျော့ဖျော့သည် ဂျုံးဂုရဲ့ဗလာကျင်းနေတဲ့ ရင်ဘက်ပေါ်သို့ဖျာကျလို့နေသည်။ သူတို့နှစ်ယောက်ကတော့ လွတ်လပ်ရေးရလက်စနဲ့ အချစ်ငှက်လေးနှစ်ကောင်လုပ်နေကြတာဘယ်နှစ်ကြိမ်မှန်းမသိတော့ပါ။

" ဒေါ်လေးတို့ဘယ်နေ့ပြန်လာကြမယ်ပြောလဲ "

" ငါမမေးရသေးဘူး ဖုန်းဆက်တုန်းကမကိုင်လိုက်ရလို့ နောက်မှဆက်လိုက်မယ် "

" တော်တော် လိမ္မာတဲ့သားလေးပဲနော် "

ထယ်ယောင်းစကားကြောင့် ဂျုံးဂုကချက်ချင်းဆိုသလိုပဲထထိုင်လိုက်ပြီး ထယ်ယောင်းရဲ့မျက်နှာကိုလက်တဖက်တည်းနဲ့ပင့်မော်စေရင်း

" သားလိမ္မာလေးမလုပ်ချင်ဘူး .. မင်းကြောင့်လေ "

သူတို့နှစ်ယောက်လုံးရဲ့ နှုတ်ခမ်းတွေကိုထိကပ်လိုက်ကြသည်။ ဂျုံးဂုသည် အစမှာတော့ထိကပ်ရုံဆိုပေမယ့် ကြာလာလေအနမ်းတွေကကြမ်းတမ်းလာလေဖြစ်သည်။ ထယ်ယောင်းကတော့ခေါင်းကိုမော့ထားရ၍ ဇက်အတော်လေးညောင်းနေခဲ့ပြီ။ ဒါကြောင့်ရုန်းလိုက်ပေမယ့် ဂျုံးဂုကလွှတ်မပေးပဲထယ်ယောင်းကိုပက်လက်လှန်စေကာ မျက်နှာတစ်ခုလုံးကိုသူ့ရဲ့သန်မာတဲ့လက်တွေနဲ့ ထိန်းကိုင်ရင်းအနမ်းတွေကိုဆက်သည်။

ထယ်ယောင်းမှာ ဂျုံးဂုရဲ့အ့ပြုအမူတွေကြောင့်အနမ်းခံနေရရင်းပြုံးဖြစ်အောင်ပြုံးလိုက်သေးသည်။ ထယ်ယောင်းကပြုံးလိုက်တာကြောင့် ဂျုံးဂုကနမ်းနေရာကနေရပ်ကာ ထယ်ယောင်းရဲ့ပါးတဖက်ကိုဖွဖွလေးပွတ်သပ်ရင်း

" ဘာကိုပြုံးတာလဲ "

" မင်းကချစ်စရာကောင်းလို့ပါ "

" ပြီးတာပဲ "

ဂျုံးဂုက ထယ်ယောင်းရဲ့လည်ပင်းဆီသို့မျက်နှာတခုလုံးနှစ်လိုက်ပြီး ကိုက်ဆွဲပြန်သည်။ နာကျင်သွားသောထယ်ယောင်းမှာတော့ မျက်နှာကိုမော့ကာငြီးငြူလိုက်လေသည်။

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now