(10)

3.9K 346 16
                                    

page no.10

ခုတင်စွန်းတဖက်တချက်စီတွင် ခြေထောက်တွေကိုလှုပ်လျှက်သူတို့နှစ်ယောက်ငြိမ်နေမိကြသည် ။  သူတို့ကြားပြောင်းလဲသွားတဲ့သတ်မှတ်ချက်လေးကြောင့် အနေခက်သလိုခံစားနေတာမျိုးဖြစ်သည် ။

ထယ်ယောင်းသည် ဂျုံးဂုကိုမျက်လုံးစွေလျှက်​ကြည့်မိသည့်အခါ ပြန်ကြည့်လာသည့်မျက်လုံးဝိုင်းဝိုင်းကြည်ကြည်များကြောင့် အနေခက်စွာအကြည့်လွှဲလိုက်ပြန်သည်။ ရိပ်မိတဲ့ဂျုံးမှာခပ်ပြုံးပြုံးလုပ်ရင်း ခုတင်ပေါ်မှာ ထောက်ထားတဲ့ ထယ်ယောင်းလက်ချောင်းလေးတွေအပေါ် အုပ်ကိုင်လိုက်လေသည်။

" မင်း အနေရခက်နေတာလား "

" နည်းနည်း "

" ဘာလို့လဲ "

" မသိဘူး "

" ငါတို့ တစ်ခုခုလုပ်ရင်မကောင်းဘူးလား "

" ဘာ ဘာလဲ "

တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံပြီးမေးမိကြသည် ။ ဂျုံးဂုကအရင် ထယ်ယောင်းလက်ဖမိုးလေးကို အနမ်းပေးလိုက်ရင်းမျက်နှာနားတိုးကပ်တော့ ပြန်ပြီးတိုးကပ်လာတဲ့ထယ်ယောင်းမျက်နှာလေးကြောင့် ရင်ခုန်သံတွေပိုတိုးလာခဲ့ရသည်။ ခံစားချက်တွေထပ်တူစွာဖြင့် နှုတ်ခမ်းတွေကိုသူတို့ထိကပ်လိုက်ကြသည် ။

ဆုပ်ကိုင်ခံထားရတဲ့ ထယ်ယောင်းလက်ချောင်းတွေပိုတင်းကြပ်လာတဲ့အခါ သူတို့တစ်ယောက်နဲ့တစ်ယောက်ပိုပြီးလိုအပ်လာသလိုပင် ။ တဖြေးဖြေးခန္ဓာကိုယ်ချင်းနီးကပ်လာကာ အနမ်းတွေကိုပိုပြီးတိုးချဲ့မိကြလေသည် ။ တော်တော်ကြာသည်အထိ သူတို့နမ်းနေကြ၍ မောဟိုက်လာသည် ။

ထယ်ယောင်းဘက်မှအရင် ရပ်ကာအမောဖြေတော့ ဂျုံးဂုနှုတ်ခမ်းလှုပ်ရုံပြုံးကာ ထယ်ယောင်းရဲ့အောက်နှုတ်ခမ်းလေးဆီကအရည်ကြည်များကို သူ့လက်မနဲ့ဆွဲသုတ်ပေးလိုက်လေသည်။ နဖူးပေါ်မှ ဆံစများအားလန်တင်ပေးရင်း နမ်းမိတော့အင်္ကျီကိုဆုပ်ကိုင်လာသည့် ထယ်ယောင်းလက်များ ။ စိတ်လှုပ်ရှားနေတာသိသာလွန်းလှသည်။

" ငါတို့ ညနေကျဒိတ်ကြမလား စကိတ်စီးကြမယ် ပွဲစျေးတန်းလျှောက်လည်ကြမယ်လေ ကျောင်းဖွင့်ရင်စာတွေနဲ့သင်တန်းတွေနဲ့အားမှာမှမဟုတ်တာ "

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now