(16)

2.8K 294 23
                                    


Page no.16

ဆိုးလ်ကဆေးရုံကြီးကို ဂျုံးဂုအလျင်စလိုလိုက်သွားရတော့ ဂျုံးဂုအမေကဂျုံးဂုအားတခါမှမကြည့်ဖူးသောအကြည့်မျိုးဖြင့်ကြည့်သည်။ သူ့အဖေမှာမေ့လျောနေပြီး ခြေထောက်တွေမှာပတ်တီးတွေဖြင့်။ အမေကတော့နွမ်းလျတဲ့မျက်နှာဖြစ်နေပေမယ့် မျက်လုံးတွေမှာသူ့အားစိတ်နာနေသလိုလို။

" မင်းဘာလာလုပ်တာလဲ "

" အမေ "

" မင်းငါတို့ကိုထားပြီးထယ်ယောင်းနဲ့တောင်ထွက်ပြေးသွားပြီပဲ အခုမှဘာလာလုပ်နေတာလဲ ခေါ်မလာဘူးလားမင်းဟာကို "

" အဖေနေကောင်းတာနဲ့ ကျွန်တော်ပြန်မှာပါ"

" သြော် ဒါဆိုမင်းလာစရာမလိုဘူး ပြန်တော့"

"အမေ ကျွန်တော့်ကိုအဲ့လိုမလုပ်ပါနဲ့ ကျွန်တော်လည်းစိတ်ပင်ပန်းရတယ် အမေတို့လည်းထယ်ယောင်းကိုချစ်တာပဲလေ"

" ဒီလိုမျိုးဆိုရင်တော့ ငါမချစ်တော့ဘူး"

"အမေ "

" မင်းပြန်မှာသာပြန်မှာ ဂျုံးဂုရယ် ငါ့ကိုစိတ်ဆင်းရဲအောင်လာမလုပ်နဲ့ "

ဂျုံးဂု ရင်ဘက်ထဲနာကျင်သွားရသည်။ မျက်ရည်တွေလည်းစီးကျလာကာ တဖက်သို့လှည့်သွားသောအမေ့မျက်နှာကိုသာ ငိုင်ကြည့်နေမိသည်။ အခြေနေတွေကထင်ထားတာထက်ဆိုးရွားလွန်းပါသည်။ သူနဲ့အမေတို့ကြားဒီလိုအခြေနေထိဖြစ်လာမယ်လို့တခါမှမတွေးမိ။

" မင်းအဖေခြေထောက်အောက်ပိုင်းသေသွားပြီ ပြန်ကောင်းမကောင်းမသေချာဘူး ပြီးတော့သူ့ရဲ့လုပ်ငန်းတွေကရောဘယ်သူဆက်လုပ်မှာလဲ မင်းဆုံးဖြတ် မင်းပြန်လာပြီဆိုထယ်ယောင်းနဲ့အဆက်သွယ်ဖြတ်ရမယ် အဲ့လိုမလုပ်နိုင်ဘူးဆိုလည်းငါတို့ထိုက်နဲ့ငါတို့ကံပေါ့ "

" အမေ အဲ့လိုမလုပ်ပါနဲ့"

"သားကို အမေတို့အကုန်အလိုလိုက်ခဲ့တာသားသိပါတယ် လိုအပ်သမျှလည်းဖြည့်စီးပေးခဲ့တာ ဒီတခါတော့အမေတို့ကိုနားလည်သင့်ပါတယ် "

အမေပြောတာဟုတ်ပါသည်။ သူ့ကိုအမြဲတမ်းအလိုလိုက်အကြိုက်ဆောင်ပေးခဲ့တာ၊ လိုချင်တာမှန်သမျှ သူရခဲ့တာသူကိုယ်တိုင်အသိဆုံးပင်။ ဒါပေမယ့်လည်းမတူညီနဲ့အခြေနေနှစ်ခုနဲ့ သွားညှိလို့မှမရဘဲ။

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now