(7)

4.3K 413 27
                                    


[ZAWGYI X UNICODE]

Page No.7

- ပြေးထားဦးပေါ့ ဂျွန် နောင်တမရဘူးဆိုရင်ပေါ့ -

ကျွန်တော်မနက်ကတည်းကဂျွန့်ကိုဖုန်းဆက်နေတာလုံးဝမကိုင်ဘူး ။ အခုဆိုညည့်နက်နေပြီ ဂျွန့်ရဲ့အရိပ်အယောင်တောင်မတွေ့ရသေးဘူး ။ ဂျွန့်ရဲ့အိမ်ကိုကျွန်တော်သွားမေးတော့လည်းဘာမှပြောမသွားဘူးတဲ့ ။ စိတ်ပူတာဆိုတာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေခဲ့ပြီ ။

မက်ဆေ့တွေလည်းပို့ထားတာ ရာချီနေပြီ ။ တဖြည်းဖြည်းနဲ့ကျွန်တော့်ရင်ဘက်တွေအောင့်လာပြီး ဂျွန့်ကိုလက်လျော့ချင်စိတ်လည်းဖြစ်လာနေမိပြီ ။ ကျောင်းပိတ်လို့ သူနဲ့ကျွန်တော်တွေ့ချိန်တွေတိုးလာပြီထင်ခဲ့တာ တကယ်တော့ဂျွန့်အတွက်ပြေးစရာ ခြေလှမ်းတွေတိုးလာခဲ့တာပဲ ။

ကျွန်တော်ယောကျာ်းတန်မဲ့မျက်ရည်တွေကျနေပြန်ပါပြီ ။ အဲ့တာကလည်းယောကျာ်းလေးတစ်ယောက်အတွက် ..။ ကျွန်တော်ဘာဆက်လုပ်ရမလဲ ကျွန်တော့်ခံစားချက်တွေကိုဘယ်နေရာမှာထုတ်ဖော်ပြောရမလဲ ။

ဂျွန်သာကြည့်တတ်ရင် ကျွန်တော့်ချစ်ခြင်းတွေကိုမြင်ရလိမ့်မယ် ။ သူပြုမူသမျှငြိမ်ခံနေခဲ့တာတွေကို သူသတိမမူခဲ့လေသလား ။ ဂျွန်ကနဂိုကတည်းက လျှို့ဝှက်တဲ့လူတစ်ယောက်ဆိုတာသိပေမယ့် ဒီလိုမိုက်မဲလိမ့်တော့ကျွန်တော်မထင်ခဲ့ ။

ဂျွန့်ကိုပြတ်သားပြီး သတ္တိရှိတဲ့လူတစ်ယောက်လို့ထင်ခဲ့တာ။ တကယ်တော့ ကျွန်တော်တစ်ယောက်တည်းကသာအချစ်သူရဲကောင်းကြီးလုပ်နေမိတာပဲ ။ ဂျွန် မင်းပြေးထားလိုက်စမ်းပါ နောင်တမရဘူးထင်ရင်မင်းပြေးထားစမ်းပါ ။ ငါတတ်နိုင်သလောက်တော့ အမှီလိုက်လာခဲ့မယ် ။ တကယ်လို့ ငါမလိုက်နိုင်တော့ရင်တော့မင်းနဲ့ရေစက်ကုန်ပြီပေါ့ ဂျွန် ..။

မင်းရဲ့အရာရာကိုချစ်ပေမယ့် တခါတလေဖုံးကွယ်လွန်းတဲ့မင်းရဲ့စိတ်တွေကိုငါမုန်းတယ် ။

•••

ဂျုံးဂုသည်ကြမ်းပြင်ပေါ်ကျနေတဲ့ ဖုန်းအားကြည့်ရင်းဘယ်နှစ်ကြိမ်မြောက်မှန်းမသိသောသက်ပြင်းကိုချလိုက်တော့သည် ။ သူ့လိုအရာရာကိုအနိုင်လွန်ချင်စိတ်ပြင်းတဲ့လူတစ်ယောက်က အခုတော့အရာရာကိုအရှုံးပေးနေရတဲ့အသွင်ကိုဆောင်လို့နေတယ် ။

𝐓𝐎 𝐌𝐘 𝐑𝐈𝐂𝐇𝐄𝐒𝐓 𝐒𝐄𝐂𝐑𝐄𝐓 𝐉𝐄𝐎𝐍 (completed)Where stories live. Discover now